မလှိုင် ၁၁ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် စာမတတ်သူများ ပပျောက်ရေးအတွက် အခြေခံပညာ စာတတ်မြောက်ရေးအတွက် မိတ္ထီလာတက္ကသိုလ်မှ ဆရာ ဆရာမများမှ အခြေခံပညာ စာတတ်မြောက်ရေးအတွက် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လာရောက်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

98

 

မလှိုင်မြို့နယ်အတွင်း စာမတတ်သူပပျောက်ရေးအတွက် အခြေခံပညာ စာတတ်မြောက်ရေး သင်ကြားပေးခြင်းကို ဆောင်ရွက်ရာတွင် မလှိုင်တစ်မြို့နယ်လုံး၌ စာသင်ဝိုင်း(၆၄) ဝိုင်းရှိပြီး စုစုပေါင်းစာသင်သား (၉၁၀)ဦးရှိကာ ဆရာ ဆရာမအင်အား (၁၃၀)ဝန်းကျင်ဖြင့် သင်ကြားပေးနေကြောင်းနှင့် အခြေခံပညာ စာတတ်မြောက်ရေးအတွက် တစ်ရက်လျှင် အချိန်သုံးနာရီယူ၍ ဧပြီ ၉ ရက်မှ စတင်သင်ကြားပေးခဲ့ပြီး ရက်ပေါင်း(၄၀)ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အခြေခံပညာ စာတတ်မြောက်ရေးအတွက် သင်ကြားပေးခြင်းကို အသက်(၁၅)နှစ်အထက် အခြေခံပညာ မတတ်သူများအား သင်ကြားပေးနေပြီး စာသင်ကြားရာတွင် သက်ဆိုင်ရာရပ်ကွက် ကျေးရွာများရှိ ကျေးရွာစာသင်ကျောင်းများ၊ ရွာလယ်ဓမ္မာရုံများနှင့် အုပ်ချုပ်ရေးမှူး နေအိမ်များတွင် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ဘိုဘို(မလှိုင်)