ရှမ်းရွာသစ် ၁၂ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာရှိ ကျုံထော်ရေတံခွန်သွားရာလမ်းဖြစ်သော ဝါးဘိုးတောင်ကုန်းတက်တွင် ဧပြီ ၁၁ ရက်က ခရီးသည်များ တင်ဆောင်လာသော ၆ ဘီးကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ရှမ်းရွာသစ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မင်းဇော်နှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ ကျုံထော်ရေတံခွန်မှ မြိုင်ကြီးငူဘက်သို့အပြန် ဦးစောစိုးနိုင် (၃၃)နှစ်၊ မြိုင်ကြီးငူနေသူ မောင်းနှင်လာသည့် ယာဉ်သည် ဝါးဘိုးတောင်ကုန်းတက်နေစဉ် နောက်ပြန်လိမ့်ကျကာ ယာဉ်ပေါ်ပါလိုက်ပါလာသူများ ခရီးသည် အမျိုးသား (၉)ဦး၊ အမျိုးသမီး (၁၂)ဦးအနက် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး အမျိုးသား (၂)ဦး၊ အမျိုးသမီး (၈)ဦး ဒဏ်ရာများရရှိခဲ့သဖြင့် တာဝန်ရှိသူများက မြိုင်ကြီးငူတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ် (ပြန်/ဆက်)