နေပြည်တော် ၁၂ ဧပြီ
ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင် ၁၃၃/၃ ၁၃၃/၄ အကြားတွင် ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ က ယာဉ်မောင်း ကိုမောင်ဇော် မောင်းနှင်ပြီး အမျိုးသား၂ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၆ ဦးလိုက်ပါလာသည့် အဖြူရောင်ယာဉ်အား လားရာတူအတိုင်း ယာဉ်မောင်း ကိုထိန်လင်း မောင်းနှင်ပြီး အမျိုးသား ၄ ဦး လိုက်ပါလာသည့် ငါးကုန်တင်ယာဉ်က နောက်မှ အရှိန်လွန်တိုက်မိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် အဖြူရောင်ယာဉ်ပေါ်ပါ(၆) ဦးအနက် အမျိုးသားကျား(၃)ဦး၊ အမျိုးသမီး (၂)ဦး ဒဏ်ရာရပြီး ငါးကုန်တင်ယာဉ်ပေါ်ပါ အမျိုးသား (၄)ဦး အနက်(၃)ဦး ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဗောဓိကုန်းစခန်း တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
MDN