ငွေဆောင် ၁၂ ဧပြီ
ငွေဆောင်မြို့ အမှတ်(၁)ရပ်ကွက် မြို့မလမ်းရှိ Aureum Palace Hotel တွင် ဧပြီ ၁၀ ရက်နေ့ တွင် ရောက်ရှိပြီးတည်းခိုနေသော တရုတ်နိုင်ငံသား Mr.Zhu Renmao အသက်(၅၆)နှစ်သည် ဧပြီ ၁၁ ရက်နေ့နံနက် ၉ နာရီအချိန်တွင် ရေဆင်းကူးရာမှ ရေနစ်သဖြင့် ဟိုတယ်ဝန်ထမ်းများမှ လိုက်လံဆယ်ယူခဲ့သော်လည်း ၉ နာရီ မိနစ် ၂၀ တွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေဆောင်နယ်မြေ ရဲစခန်းမှ အမှု ဖွင့်ထားရှိကြောင်း သိရသည်။
မူမူ