နေပြည်တော် ၁၂ ဧပြီ
မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၁၁ ရက် ညနေ ၅ နာရီခွဲက ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင် စစ်ဆေးရေး စခန်းတွင် ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ခရီးသည် ဇော်မိုးဝင်း(ခ) ဇော်မိုးချစ် နှင့် ဝင်းထွန်းတို့၏ ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၀ဝ၊ ဘိန်းဖြူ ၄ ဒသမ ၁ ဂရမ်နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ နံနက်ပိုင်းတွင် တပ်မတော်မှ တာချီလိတ်မြို့နယ်၊ မိုင်းဖုံး (က)ကျေးရွာအုပ်စု၊ ဆန်ဖူးကျေးရွာအနီး မဲခေါင်မြစ်ဘေးရှိ တောအုပ်အတွင်းမှ ဘိန်းဖြူ ဘလောက်တုံး ၇ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၈,ဝ၀ဝ၊ ပလတ်စတစ်အိတ်ခွံ အလုံး ၅,၂၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
MDN