ကမမောင်း ၁၂ ဧပြီ
ကရင်ပြည်နယ် ကမမောင်းမြို့၌ မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန်ပွဲတော်တွင် အန္တရာယ် ကင်းရှင်းစွာဖြင့် ရေကစားနိုင်စေရေးအတွက် ယနေ့ ညနေ ၅ နာရီခွဲက ဗဟိုမဏ္ဍပ်၌ ဆရာတော်/သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ပေးခဲ့ကြသည်။
အန္တရာယ်ကင်းပရိတ်တရားတော်ကို မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ခံများ မြို့မိ/မြို့ဖများကစုပေါင်း၍ တရားတော်နာယူခဲ့ကြကြောင်း ကမမောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


