နေပြည်တော် ၁၃ ဧပြီ

 


ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်များအရ သိရသည်။

 

aa

 

နံနက် ၂ နာရီ မိနစ် ၂၀ ခန့်က မန္တလေး-နေပြည်တော်လမ်း မိုင်တိုင်အမှတ် (၂၉၃/၃ - ၂၉၃/၄) အကြားတွင် ယာဉ်မောင်းကိုစိုးမိုးနိုင် မောင်းနှင်လာသည့် ယာဉ်အမှတ် 1N/2--- Nissan အဖြူရောင်ယာဉ်သည် ရှေ့တွင်မောင်းနှင်နေသော ယာဉ်များအား မဆင်မခြင်ကျော်တက်နေစဉ် တစ်ဖက်ယာဉ်ကြောဘက်ရောက်ရှိပြီး အနောက်မှလားရားတူ ယာဉ်မောင်းကိုဝင်းဇော်ထွန်း မောင်းနှင်လာသည့် ယာဉ်အမှတ် 1K/3--- မိုးထက်အာကာယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ Nissan ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ မိုးထက်အာကာယာဉ်ပေါ်ပါ ခရီးသည်များ ဒဏ်ရာရရှိခြင်းမရှိသော်လည်း Nissan ယာဉ်ပေါ်ပါ အမျိုးသား လေးဦး၊ အမျိုးသမီး  လေးဦး ဒဏ်ရာအသီးသီး ရရှိခဲ့ကြသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ သီးကုန်းစခန်းမှတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ပြီး ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ နံနက် ၄ နာရီ ၅ မိနစ်ခန့်က ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင်အမှတ် (၁၁၁/၂ - ၁၁၁/၃) အကြားတွင် ယာဉ်မောင်းကိုကျော်လွင်ဦး (၃၆)နှစ် အောင်ဇေယျရပ်ကွက် မိတ္ထီလာမြို့နေသူ မောင်းနှင်လာသည့် 9P/5--- (ရွှေကြေးစည်) ရွှေစင်စင်္ကြာ Express ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းကြောပိတ်သဖြင့် ရှေ့၌ရပ်ထားသော ယာဉ်မောင်းကိုခင်မောင်ထွေး (၄၇)နှစ် မိတ္ထီလာမြို့နေသူ မောင်းနှင်လာသည့် 4Q/5--- မန္တလာမင်း Express (ဖိုးချစ်) ဇာတ်အဖွဲ့လိုက်ပါလာသည့် ယာဉ်အားတိုက်မိ၍ ၎င်းမှတစ်ဆင့် ရှေ့၌ရပ်ထားသော ယာဉ်မောင်းကိုအေးမင်းလတ် (၄၃)နှစ် ပုဇွန်တောင်မြို့နယ်နေသူ မောင်းနှင်လာသည့် YGN 4I/5---Wish အနက်ရောင်ယာဉ်အား လည်းကောင်း၊ 4I/5--- ယာဉ်မှတစ်ဆင့် ရှေ့၌ရပ်ထားသော ယာဉ်မောင်းဦးကျော်ဟင်း (၅၈)နှစ် လသာမြို့နယ်နေသူ မောင်းနှင်သည့် YGN 5K/2--- Passo အနက်ရောင်ယာဉ်အား လည်းကောင်း လေးစီးဆင့်၍ တိုက်မိခဲ့ကြောင်း၊ 4I/5---Wish ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား နှစ်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ခုနစ်ဦးအနက် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိသဖြင့် အမြန်လမ်းကြီးရဲတပ်ဖွဲ့ ဖြူးစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များက ကူညီဆောင်ရွက်ပေးပြီး ယာဉ်ကို မဆင်မခြင်မောင်းနှင်သည့် 9P/----ယာဉ်မောင်း ကိုကျော်လွင်ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ee

 

ထို့အတူ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က နေပြည်တော်-မန္တလးလမ်း မိုင်တိုင် (၃၂၇/၇ - ၃၂၇/၄) အကြားတွင် ယာဉ်မောင်းကိုခင်ဇော် မောင်းနှင်လာသည့် YGN 8D/1--- light truck ယာဉ်သည် ယာဘက်နောက်ဘီးကျွတ်ကာ ဝဲဘက်လမ်းလယ်ကျွန်းတွင် တိမ်းမှောက်သွားပြီး ယာဉ်ပေါ်ပါ အမျိုးသား လေးဦး အမျိုးသမီး ငါးဦးအနက် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပြင်စည်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 


MDN