ခန္တီး ၁၃ ဧပြီ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ရှိ ရန်နှောနုတ်ညိုကျေးရွာနှင့် ရန်နှောဆန်ရီ ကျေးရွာ(၂) ရွာအား နယ်စပ်ရေးရာဝန်ကြီးဌာနက ဆန်အိတ် (၁၄၇)အိတ်ကို ဧပြီ ၁၂ ရက်က သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာနှစ်ရွာသည် ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်းက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့် ကျေးရွာများဖြစ်ပြီး အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လဟယ်မြို့နယ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် ရုံးအဖွဲ့များက ရန်နှောနုတ်ညို ကျေးရွာအိမ်ခြေ (၉၈)အိမ်နှင့် ရန်နှောဆန်ရီ ကျေးရွာအိမ်ခြေ (၄၉)အိမ် စုစုပေါင်းအိမ်ခြေ (၁၄၇)အိမ်ကို တစ်အိမ်လျှင် ဆန်တစ်အိတ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စနေမောင်


