ကော့သောင်း ၁၃ ဧပြီ 

 


ကော့သောင်း မြို့မဆိပ်ကမ်းတံတားတွင် မြန်မာနိုင်ငံတစ်နံတစ်လျားမှ ပင်လယ်ကျွန်းအပန်းဖြေခရီး လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားဧည့်သည်များဖြင့် ယနေ့နံနက်ပိုင်းတွင် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။ 

 

a

 

သဘာဝ ပင်လယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှုနှင့်အတူ ယခုနှစ် မြန်မာ့ရိုးရာသ င်္ကြန်ပွဲတော်ကာအတွင်း  ပြည်တွင်းခရီးသွားဧည့်သည်များ မိသားစုအလိုက် သင်္ကြန်အကြိုနေ့မှ ကော့သောင်းမြို့သို့ စတင်ရောက်ရှိကာ ပင်လယ်ကျွန်းများသို့ အလည်အပတ်သွားရောက်ကြပြီး  သင်္ကြန်ရက်များအတွင်း ကော့သောင်းမြို့၏ မြန်မာရိုးရာသင်္ကြန်ပွဲတော်အား မြို့ပေါ်ရပ်ကွက်များအနှံ့ ရေကစားနွှဲပျော်ကြရင်း သင်္ကြန်ကာလကို ကျော်ဖြတ်ကြမည်ဖြစ်ကြောင်း သိရသည်။

 

d

 

ကော့သောင်းမြို့၏  မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်အား နှစ်စဉ် ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ ယခုနှစ် တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မြန်မာနိုင်ငံအရပ်ရပ်မှ ပြည်တွင်းခရီးသွားဧည့်သည်များ ထူးကဲစွာ လာရောက်လည်ပတ်ကြပြီး သာယာလှပတင့်မော့ဖွယ် ကမ်းခြေသဲသောင်များ၊ အပန်းဖြေရီဆော့ ဟိုတယ်များရှိရာ အက်ဒမန်ပင်လယ်အတွင်း ပင်လယ်ကျွန်းများဆီသို့ အားလပ်ရက် အပန်းဖြေခရီးသွားဧည့်သည်များ မိမိသွားရောက်လည်ပတ်ကြမည့် ပင်လယ်ကျွန်းများရှိ ခရီးသွားလုပ်ငန်းကုမ္ပဏီ၏ ပို့ဆောင်ပေးမည့် SPEED BOAT များ၊ ခရီးသားဧည့်သည်များဖြင့် ကော့သောင်းမြို့၏ မြို့မဆိပ်ကမ်းတံတားတွင် စည်ကားလျက်ရှိကြောင်း သိရသည်။

 


ကျော်စိုး (ကော့သောင်း)

 

dd