မိတ္ထီလာ ၁၃ ဧပြီ

 

မိတ္ထီလာ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ သင်္ကြန်အကြိုနေ့ ညနေ ၃ နာရီက နန်းတော်ကုန်းရပ်ကွက် အထက (၁)အနီးဗဟိုဆုပေးမဏ္ဍပ်တွင် ကျင်းပသည်။

 

ရှေးဦးစွာ နှစ်သစ်ကူးအမှာစကားအား မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောကြားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုဆုပေးမဏ္ဍပ်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်မိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးဗိုလ်မှူးချုပ်စိုးအောင်နှင့် မြို့မိမြို့ဖ ဦးကျော်ဇေယျတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကပြိုင်ပွဲဝင်မည့် ယိမ်းအဖွဲ့များနှင့် တေးဂီတအဆိုရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် ကပြ သီဆိုဖျော်ဖြေကြသည်။ ညပိုင်းတွင် သင်္ကြန်ယိမ်းအကပြိုင်ပွဲအား ဗဟိုမဏ္ဍပ်တွင် ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ယိမ်း ၁၃ သင်းအနက် ရန်မျိုးအောင်၊အောင်ဇေယျာ၊ ကျီတော်ကုန်း၊ ရတနာမာရ်အောင် သင်္ကြန်ယိမ်းအကအသင်းများ ပါဝင်ယှဉ်ပြိုင်ကပြဖျော်ဖြေကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)