ကော့သောင်း ၁၃ ဧပြီ

 

ကော့သောင်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုဆု ပေးမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို  ယနေ့ညနေ ၄ နာရီက  ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ဆိပ်ကမ်းသာ လမ်း ဗဟိုဆုပေးမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

 

အခမ်းအနားတွင် ကော့သောင်း၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က  နှစ်ကူးမဟာသင်္ကြန် ရေသဘင်ပွဲတော်အား ဖွင့်လှစ်ကြောင်းကြေညာပြီး နှစ်သစ်မင်္ဂလာအဖွင့်မိန့်ခွန်းပြောကြားသည်။

 

2

 

ယင်းနောက်  ဗဟိုဆုပေးမဏ္ဍပ်အား   တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေထွန်း၊ ကော့သောင်းခရိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်သိန်း မောင်၊ ကော့သောင်းမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဇောလလင်းထွန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသန့်ဇင်နှင့် သူဌေးကျွန်း၊ ဂရင်းအက်ဒမန် ဟိုတယ်မန်နေဂျင်းဒါရိုက်တာ ဦးကျော်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

3

 

ထိုနောက် မြူမှောင်ဝေကင်း တေးသီချင်းဖြင့် ဧည့်ခံဖြေဖျော်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ဧည့်သည်တော်များက  သင်္ကြန်ယိမ်းပျိုဖြူများအား သပြေခက်ဖြင့်  အတာရေ ပက်ဖျန်းကြပြီး   ပြိုင်ပွဲဝင် ယိမ်းအကအဖွဲ့ဝင်များက  မန်းတောင်ရိပ်ခို  တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

 

အဆိုပါ    ဗဟိုဆုပေးမဏ္ဍပ်တွင်    ဧပြီ ၁၃ ရက်ညမှ     စတင်၍  နိုင်ငံကျော်ရုပ်ရှင်နှင့် တေးဂီတပညာရှင်များမှ သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။   ဧပြီ ၁၄ ရက်နှင့်၁၅ရက်များတွင် ညစဉ် ကော့သောင်းမြို့ပေါ် ရပ်ကွက်များမှ   ယိမ်းအကအဖွဲ့ လှပျိုဖြူလေးများက မြန်မာ့ရိုးရာ ယဉ်ကျေးမှု ယိမ်းအကများဖြင့် ကပြယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဧပြီ ၁၆ ရက်ညတွင် ဆုချီးမြှင့်ပွဲ နှင့်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားအား ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကျော်စိုး (ကော့သောင်း)