မြိတ် ၁၄ ဧပြီ

 


၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရက်များအတွင်း မြိတ်ကျွန်းစု အတာသင်္ကြန်ပွဲတော်သို့ ခရီးသွားပြည်သူများ သွားရောက်အပန်းဖြေနိုင်စေရန် ခရီးသွားလုပ်ငန်းများမှ ပို့ဆောင်ပေးလျက်ရှိရာ သင်္ကြန်အကျနေ့တွင် မြိတ်ကျွန်းစု ကျွန်းသင်္ကြန်ပွဲတော်သို့ လိုက်ပါဆင်နွဲသည့် ခရီးသွားပြည်သူ တစ်ထောင်ခန့်ရှိကြောင်း မြိတ်မြို့နယ် ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါက်တာသိန်းဆွေမြင့်ထံမှ သိရသည်။

 

င

 

လှပသော သဲသောင်ကမ်းခြေ၊ ရောင်စုံကျောက်စရစ်ကမ်းခြေများ၊ စိမ်းစိုသည့် တောအုပ်လေးများ၊ ပြာလဲ့လဲ့ကောင်းကင်အောက်တွင် စိမ်းမြမြပင်လယ်ပြင်အထက် စိတ်ဘဝင်အေးရင်ခုန်ဖွယ် လှပလွန်းသည့် ကျွန်းများဖြစ်သည့် လေးကျွန်း၊ စမစ်ကျွန်း(ပါပန့်ကျွန်း)နှင့် ဒုံးညောင်မှိုင်း၊ ဒုံးရေတံခွန်များနှင့် တခြားကျွန်းများသို့ မြိတ်မြို့ရှိ ခရီးသွားလုပ်ငန်း (၃၃)ခုမှ ပို့ဆောင်ပေးလျက်ရှိကာ ခရီးသွားဧည့်သည်များ အဆင်ပြေစေရေး သင်္ကြန်ရက်များအတွင်း Speed Boat များအပြင် Air Con အမြန်ရေယာဉ်ကြီးများဖြင့် အားဖြည့် ပို့ဆောင်ပေးလျက်ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

 

ု

 

၎င်းအပြင် မြိတ်မြို့တစ်ဘက်ကမ်းရှိ ပထက်ကျွန်းမှ လျောင်းတော်မူဘုရားကြီးသို့ စက်လှေငယ်များဖြင့် ရပ်နီးရပ်ဝေးမှ သင်္ကြန်ဘုရားဖူးခရီးသည်များ သွားရောက်ဖူးမြော်လျက်ရှိရာ ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံရေးအတွက် ခရီးသွားလုပ်ငန်းများအချင်းချင်း၊ ပင်လယ်ပြင်အတွင်း ခရီးသွားပို့ဆောင်သူများနှင့် မြိတ်မြို့ပေါ်ရှိ ခရီးသွားကုမ္ပဏီများ အပြန်အလှန်အချိန်ပြည့် အချိတ်အဆက်မိမိဖြင့် သတင်းအချက်အလက် ပေးပို့ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ဇော်မျိုးနိုင် (မြိတ်ခရိုင် ပြန်/ဆက်)