ပေါက် ၁၅ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ ပေါက်မြို့နှင့် (၁)မိုင်အကွာ ပခုက္ကူမြို့နှင့် (၄၇)မိုင် ခန့်အကွာတွင်တည်ရှိသော အမှတ်(၁) ပေါက် ယောချောင်းတံတားအောက်ဘက်ရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်၌ ရေကစားသူ ရေပက်သူများနှင့် စည်ကားလျက်ရှိသည်။
သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်ရေးအတွက် ရေကစားမဏ္ဍပ်ဆောက်လုပ်ကာ လာရောက်ရေကစားသူများ အပန်းဖြေ ရေကစားရန်အတွက်လည်း ရေလယ်၌ ခေတ္တနားခိုရန် ကွပ်ပျစ်စင်များ ဆောက်လုပ်ပေးထားသဖြင့် အခြားသော ရေကစားမဏ္ဍပ်များထက် သဘာဝကျကျ ထူးခြားစွာ ဆောင်ရွက်ထားရှိမှုကို ရေကစားသူများ စိတ်ဝင်စားကာ အနီးအနားရှိ ကျေးရွာများ၊ ပေါက်မြို့ပေါ်ရှိ ရေကစားသူများနှင့် အနယ်နယ်အရပ်ရပ်မှ ရေကစားသူများက မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် လာရောက်ပျော်ရွှင် ရေကစားကြပြီး အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)
