ဗန်းမောက်  ၁၅ ဧပြီ 

 


စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ဇလုံတောင်တက် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်၍ လူ ၁၇ ဦး ဒဏ်ရာရရှိပြီး သုံးဦးသေဆုံးခဲ့ကြောင်း ဗန်းမောက်ရဲစခန်းမှ သိရသည်။

 


ဇလုံတော်ပေါ်သို့  မြတ်လင်း မောင်းနှင်လာသော ယာဉ်အမှတ် SGG/----- TOYOTA HILUX အမျိူးအစား ခရီးသည်တင်ယာဉ်သည် ဧပြီ ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဇလုံတောင် အတက်လမ်း ကျောက်မဏ္ဍပ်အလွန် မျော်တောင်အဆင်းနေရာ၌ ကားဘရိတ်ပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ  လမ်းဘေးသို့ ထိုးဆင်းတိမ်းမှောက်သွားခဲ့သည်။

 


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်နှင့် ယာဉ်မောင်းအပါအဝင် အမျိုးသား ၈ ဦး၊  အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၇ ဦး ဒဏ်ရာရရှိကာ သုံးဦး သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ မြတ်လင်း (၂၇)နှစ် မြနန္ဒာရပ်ကွက် ဗန်းမောက်မြို့နေသူအား ဗန်းမောက်မြို့ မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။   

 


ကိုမင်း(အင်းတော်)
 

 

ိ