ချစ်ခင်လေးစားအပ်တဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျား
မြန်မာတို့ရဲ့ နှစ်သစ်ကူးမင်္ဂလာအခါသမယမှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ဒီမိုကရေစီခိုင်မာရေးနဲ့ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေဟာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ တစ်မြေတည်းနေ၊တစ်ရေတည်းသောက်ကြတဲ့ တိုင်းရင်းသားများအားလုံးရဲ့ပေါင်းစည်းညီညွတ်မှုအင်အားနဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးမှာ ကြုံတွေ့လာမယ့် ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
တိုင်းရင်းသားသွေးချင်းများအားလုံး နိုင်ငံတော်တည်ဆောက်ရေးမှာ ကျရာအခန်းကဏ္ဍကနေ ပြည်ထောင်စု စိတ်အခြေခံပြီး တကြွ်ကစွာ ပါဝင်ဆောင်ရွက်နိုင်ကြပါစေ။
တိုင်းရင်းသားအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှု၊အပြန်အလှန် နားလည်ယုံကြည်မှုများ တည်ဆောက်နိုင် ကြပါစေ။
ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ပျော်ရွှင်ကြည်နူးဖွယ် နှစ်သစ်ဖြစ်ပါစေ။