နေပြည်တော် ၁၇ ဧပြီ 

 


မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ပြီးဆုံးပြီဖြစ်၍ ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းမြစ်ကမ်းတစ်လျှောက်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။    

 

df

 


ပေါင်းလောင်း မြစ်ဆိပ်အပန်းဖြေနေရာသို့ မြန်မာ့နှစ်သစ်ကူးနှစ်ဆန်း ၁ ရက်နေ့တွင်  နေပြည်တော် (၈)မြို့နယ်အပါအဝင် အနယ်နယ်အရပ်ရပ်မှ အများပြည်သူများ မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် လာရောက် အပန်းဖြေအနားယူလျက်ရှိပြီး ပေါင်းလောင်းမြစ်ဖျားအလှ ရှုခင်းများ စိမ်းလန်းစိုပြေ သာယာသည့် သဘာဝတောတောင် အလှရှုခင်းများကိုလည်း တဝကြီးကြည့်ရှုခံစားကြလျက်ရှိသည်။ 

 


"နှစ်စဉ် နှစ်ဆန်း ၁ ရက်နေ့ရောက်တိုင်း မြစ်ကမ်းတစ်လျှောက် အပန်းဖြေလာရောက်ရင်း ရေကစားတဲ့သူတွေ အရမ်းများတယ်။ နေပြည်တော်တင်မကပဲ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရင်းလာရောက် အပန်းဖြေသူများလဲရှိတယ်။ ဒီနှစ်ကပိုပြီးစည်ကားတယ် မြစ်ကမ်းခြေတွင် ရေကူးကစားရန်တင်မကပဲ မြစ်အတွင်း အပျော်စီးစပိဘုတ်များလဲ ငှားရမ်းစီးနင်းနိုင်တယ်ဟု" ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းက ပြောသည်။ 

 

df

 


ပေါင်းလောင်း မြစ်ဆိပ်အပန်းဖြေနေရာသို့ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ မြစ်ကမ်းတစ်လျှောက် လာရောက်အပန်းဖြေ ရေကစားသူများ မြစ်အတွင်း အန္တရာယ်မရှိစေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ စပိဘုတ်ဖြင့် လှည့်လည်စောင့်ရှောက် ကြီးကြပ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

 

dff

 


ဇေယျာသီရိမြို့နယ် လှေခွင်းတောင် ပေါင်းလောင်းမြစ်ကမ်းတစ်လျှောက် မြန်မာ့နှစ်ဆန်း ၁ ရက်နေ့တွင် အပန်းဖြေလာရောက်လည်ပတ်သူများသည် အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေမှုကြောင့် ဘေးအန္တရာယ်ကင်းရှင်းပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။

 


ထွန်းလင်း (ပြန်/ဆက်)