ရေး ၁၈ ဧပြီ
ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ပင်လယ်ဝသဲသောင်ပြင်ပေါ်တွင် ယမန်နေ့နံနက်ပိုင်းက အလျား(၁၇) ပေ၊ လုံးပတ်(၁၁) ပေ(၁) လက်မ၊ ရှေ့ရေယက်(၁) ပေ(၉) လက်မ၊ အပေါ်ကျောတောင်(၁၄) ပေ၊ အမြီးဖျား(၅)ပေရှိ ပင်လယ်လင်းရှူးတစ်ကောင် သဲသောင်ပြင်ပေါ်တွင် သောင်တင်သေဆုံးနေကြောင်း မြို့နယ်(ပြန်/ဆက်)၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါလင်းရှူးမှာ ညဘက်ရေတက်စဉ် အချိန်တွင် သဲသောင်ပြင်ပေါ်သို့ ရောက်ရှိပြီး မသေဆုံးခင်အချိန်ထိ ရုန်းကန်လှုပ်ရှားထားခြင်းကြောင့် ခန္ဓာကိုယ်တွင် ပွန်းရာခြစ်ရာများ တွေ့ရှိရသည်။ မြို့နယ်ငါးလုပ်ငန်းဦးစီး၏ ပြောကြားချက်အရ ရေကျချိန်တွင် ကမ်းခြေသို့ ဆွဲတင်ပြီးမြေမြှုပ်သွားဖို့ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးက ပြောကြားချက်အရ သိရှိရသည်။
MDN
