ကံမ ၁၈ ဧပြီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဧပြီ ၂၈ ရက်နေ့တွင် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသ ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမဲ့ကုသပေးမည့် အစီအစဉ်ကို ကံမမြို့နယ်အသင်း(ရန်ကုန်)နှင့် မဏိနယ်လှည့်ပရဟိတ ကျန်းမာရေး အထောက်အကူပြုအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ပြန်/ဆက်)