၁၈ ဧပြီ

 

ဂျပန်နိုင်ငံရှိ နျူကလီးယားစက်ရုံအော်ပရေတာများက  အကြမ်းဖက်မှု မဖြစ်စေရန်လိုအပ်သည့် အထောက်အပံ့ပစ္စည်းများ ၎င်းတို့၏ စက်ရုံများတွင် အစိုးရက သတ်မှတ်ချိန်ကာလအတွင်း တပ်ဆင်ရန် ခက်ခဲမည် ဖြစ်ကြောင်း နျူကလီးယား ထိန်းသိမ်းမှု အာဏာပိုင်အဖွဲ့ထံ ယမန်နေ့ကအစည်းအဝေးတွင် တင်ပြခဲ့ ကြသည်။

 

33+

 

၂၀၁၁ ခုနှစ် ဖူကူရှီးမား ဒိုင်အိချီ ဓါတ်ပေါင်းဖိုမတော်တဆမှု ဖြစ်ပွားပြီးနောက် ထိန်းသိမ်းမှုများ စတင်ခဲ့ကာ လေယာဉ်ပျက်ကျမှု သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်တွင် ဓါတ်ပေါင်းဖိုများ ထိန်းချုပ်ထိန်းသိမ်းရန် အော်ပရေတာများက အရန်သင့် ထိန်းချုပ်မှုအခန်းများကို တည်ဆောက်ရန် လိုအပ်ကြောင်း သိရသည်။

 

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆန်ဒိုင်းဓါတ်ပေါင်းဖိုသည် စည်းမျဉ်းသစ်များအရ ယင်းနိုင်ငံရှိ ကွန်ပျူတာနှင့်ထိန်းချုပ်သည့် ပထမဦးဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကြူရှူလျှပ်စစ်စွမ်းအားကုမ္ပဏီ သည် ဆန်ဒိုင်းဓါတ်ပေါင်းဖိုအတွက် အရေးပေါ်တုံ့ပြန်မှုစင်တာတစ်ခု ကို သတ်မှတ်ထားသောနောက်ဆုံးအချိန် မတိုင်မီတစ်နှစ်ခန့်အကြာ တည်ဆောက်ရန်နှင့် အချိန်မီ တည်ဆောက်မပြီးစီးပါက ဓါတ်ပေါင်းဖိုလုပ်ငန်းများ ဆိုင်းငံ့ထားရမည် ဖြစ်ကြောင်း သိရသည်။

 

ဘာသာပြန်- မြင့်မြင့်ချို

ကိုးကား -အန်အိတ်ချ်ကေ