၁၈ ဧပြီ

 

အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင်  လက်ရှိ သမ္မတ ဂျိုကို ဝီဒိုဒို က  အကြိုမဲရေတွက်မှုများတွင် အသာစီးရရှိကာ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို ကို ဦးဆောင်နေကြောင်းနှင့် ဂျိုကိုဝီဒိုဒို ပြန်လည်ရွေးကောက်တင်မြှောက်ခံရဖွယ်ရှိကြောင်း ဒေသခံမီဒီယာများက ရေးသားဖော်ပြထားသည်။

 

j2

 

အဆိုပါ ရွေးကောက်ပွဲသည် ဆန္ဒမဲပေးသူ သန်း၁၉၀ ကျော်ရှိပြီး ကမ္ဘာအကြီးဆုံးရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲရလဒ်များကို နောက်လတိုင်အောင် တရားဝင်ထုတ်ပြန်ကြေညာမည် မဟုတ်သေးသော်လည်းအစောပိုင်း မဲရေတွက်မှုရလဒ်အရ ဂျိုကိုသည် ပရာဘိုဝိုကို ၁၀ရာခိုင်နှုန်းခန့် မဲအသာစီး ရရှိနေကြောင်း အသိအမှတ်ပြုအဖွဲ့က ဆိုသည်။

 

ဂျိုကို က အကြိုမဲရေတွက်မှုကို သိပြီးဖြစ်သော်လည်း ရွေးကောက်ပွဲကော်မတီမှ တရားဝင်ထုတ်ပြန်ကြေညာချက်ကို  မိမိတို့အနေဖြင့် စိတ်ရှည်ရှည်စောင့်စားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ဂျိုကိုသည် ရွေးကောက်ပွဲအနိုင်ရရှိလျှင် ဒုတိယသက်တမ်းကို ဆက်လက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

 

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေ အများဆုံး နိုင်ငံဖြစ်သည်။

 

ဘာသာပြန် - မြင့်မြင့်ချို

ကိုးကား -အန်အိတ်ချ်ကေ