ဘဂ္ဂဒက် ၁၉ ဧပြီ

 

အကြမ်းဖက်မှုများ ဖြစ်ပွားအောင် လှုံ့ဆော်သည်ဟုဆိုကာ ရက်စက် ကြမ်းကြုတ်သည့် PUBG  အွန်လိုင်းဂိမ်း ကစားခြင်းကို အီရတ်နိုင်ငံ၌ ပိတ်ပင် သွားရန်အတွက် ဧပြီ ၁၇ ရက်က တစ်ခဲနက် မဲပေးခဲ့ကြကြောင်း သိ ရသည်။

 

ပဋိပက္ခများ ဆယ်စုနှစ်များစွာ ကြာအောင်ဖြစ်ပွားခဲ့သည့် အီရတ်နိုင်ငံ အတွင်း Player Unknown’s Battlegrounds အမည်ရှိ အဆိုပါဂိမ်းအား နေရာတိုင်းတွင် ဆော့ကစားမှုကိုမြင်တွေ့ ရသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်က အီရတ် ဥပဒေပြုအမတ်များသည် အကြမ်းဖက် မှုများဖြစ်ပွားအောင် လှုံ့ဆော်ရာရောက် သည်ဟုဆိုကာ အဆိုပါဂိမ်းကစားခြင်းကို ပိတ်ပင်ရန် တညီတညွတ်တည်း မဲပေး ခဲ့ကြကြောင်း ပါလီမန်လွှတ်တော်မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ သည်။

 

PUBG ဂိမ်းသည် အီရတ်လူမှုအဖွဲ့ အစည်းအတွင်းရှိ လူမှုဘဝလုံခြုံရေး၊ ကိုယ်ကျင့်တရား၊ ပြည်သူ့ကျင့်ဝတ်နှင့် ပညာရေးကို ခြိမ်းခြောက်နေကြောင်း ဥပဒေပြုအမတ်များက ပြောကြားခဲ့သည်။ အေအက်ဖ်ပီ