မြင်းမူ  ၁၉  ဧပြီ

 

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

 

ဝန်ထမ်းအိမ်ရာ ပန္နက်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းမြင့် ၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ မြင်းမူမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ကေသီခိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက  ပန္နက်တင်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

 

ယခုတည်ဆောက်မည့် ဝန်ထမ်းအိမ်ရာမှာ ၄ ခန်းတွဲ ၄ ထပ် (RC)အမျိုးအစားဖြစ်ပြီး ပြည်တောင်စု ဘတ်ဂျက် ခွင့်ပြုငွေကျပ်  ၃၃၈ ဒသမ ၂ သန်းဖြင့် ချင်းတွင်းသီဟကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည် ဖြစ်ကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)

 

_DSC3