၁၉ ဧပြီ
ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ခရီးသည်တင်လှေတစ်စီး နစ်မြုပ်ပြီးနောက် ၁၃ ဦးသေဆုံးပြီး လူပေါင်း ၁၄၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ လှေနစ်မြုပ်မှုမှာ ကွန်ဂို နှင့် ရဝမ်ဒါ နယ်စပ်ရှိ ကီဗူရေကန်တွင် တနင်္လာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အယောက် ၃၀ ကျော်ကို ကယ်တင်နိုင်ခဲ့သည် ဟု ဒေသအာဏာပိုင်များက ဆိုသည်။
သမ္မတ ဖီလစ် တချီစီကီဒိုင် က ကယ်ဆယ်ရေးသမားများသည် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေလုပ်ဆောင်နေကြသည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံတွင် လှေများသည် အဓိက သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်ပြီး လှေမတော်တဆမှုများ ဖြစ်ပွားလေ့ရှိကြောင်း ဖော်ပြထားသည်။
သမ္မတ ဖီလစ် က ယင်းလှေနစ်မြုပ်မှုမှာ လှေသမားများ၏ လောဘကြီးမှုကြောင့်ဖြစ်သည်ဟု ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပြီး အလားတူအဖြစ်မျိုး ထပ်မံမဖြစ်ပွားရေး စီမံဆောင်ရွက်ရန် ကြေညာခဲ့ကြောင်း သိရသည်။
ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား -အန်အိတ်ချ်ကေ