မယ်စဲ့ ၂၀ ဧပြီ

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားကျန်းမာရေးကွန်ရက်မှဦးစီးပြီး ရန်ကုန်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့် ဒေသခံစေတနာ့ဝန်ထမ်းများပူးပေါင်း၍ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအား အခမဲ့ဆေးဝါး ကုသပေးခြင်းကို ဧပြီ ၂၇ ရက် နံနက် ၈ နာရီခွဲတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ ဆေးကုသမှုဆောင်ရွက်ရာတွင် ကုသပေးမည့်ရောဂါများမှာ အထွေထွေ၊ ခွဲစိတ်၊ ကလေးအထူးကု၊ အရိုး၊ သွားနှင့်ခံတွင်း၊ သားဖွားမီးယပ်၊ အရေပြားရောဂါများဖြစ်ပြီး အဆိုပါရောဂါများကို သွားရောက်ကုသလိုသူ လူနာများအနေဖြင့် ဧပြီ ၂၇ ရက်နံနက် ၇ နာရီတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမသို့ ကြိုတင်စာရင်းပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။

 

လာရောက်၍ ဆေးကုသမည့်လူနာများအား ခေတ္တတည်းခိုနိုင်ရေးအတွက် သာသနာ့ဗိမာန်တွင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

2.05