ညောင်ဦး ၂၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အောင်မြေသာရပ်၊ အမှတ်(၆)တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ပစ္စည်းသိုလှောင်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။
အဆိုပါ မီးလောင်ရာသို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ပုဂံမြို့မီးသတ်ဦးစီးဌာန၊ ပုဂံ-ညောင်ဦးမြို့များမှ ရေပေးဝေသည့် လှုမှုရေးအသင်းအဖွဲ့များမှ ရေသယ်ယာဉ်များ၊ တပ်မ(၈၈)လက်အောက်ခံ တပ်ရင်း(၄၁၅)မှ အရာရှိစစ်သည်များ၊ ပုဂံ-ညောင်ဦးရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပါဝင် ကူညီငြိမ်းသတ်လျက်ရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရသော အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်လျက်ရှိကြောင်း သိရသည်။
ဖေလိန်း(ညောင်ဦး)
