မိုးညို ၂၀ ဧပြီ
သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းအုပ်စု၊ ဥယျာဉ်စုကျေးရွာရှိ ရေကင်း-မိုးညိုသွား ကားလမ်းမဘေး ဝဲဘက်ခြမ်း မိုင်တိုင်အမှတ်(၃၀/၆)နှင့် (၃၀/၇)ကြားတွင် ဆိုင်ကယ်တစ်စီး တိမ်းမှောက်ကာ လူတစ်ဦးဒဏ်ရာများဖြင့် လဲနေသည်ကိုတွေ့ရှိရ၍ ယမန်နေ့ညက မြို့နယ်ရဲတပ်ဖွဲ့သို့ အကြောင်းကြားသဖြင့် အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ မိုးညိုမြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ ဖုတ်လူးကျေးရွာနေ အောင်လင်းလတ်(၂၂)နှစ်သည် မိုးညိုမြို့ရှိ အဆောက်အဦဆောက်လုပ်ဆဲလုပ်ငန်းခွင်မှ ဆိုင်ကယ် MARBO (110)အား မိုးညိုမှ ရေကင်းကားလမ်းမအတိုင်း တောင်မှမြောက်သို့ တစ်ဦးတည်း အရှိန်ပြင်းစွာမောင်းနှင်လာစဉ် ဥယျာဉ်စုကျေးရွာအနီးသို့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အောင်လင်းလတ်တွင် ဒဏ်ရာများရရှိကာ (မစိုးရိမ်ရ/အတွင်းလူနာ) အဖြစ် ဆေးရုံတွင် တက်ရောက် ကုသလျက်ရှိကြောင်း သိရသည်။
ဆိုင်ကယ်အား အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်သူ အောင်လင်းလတ်အား မိုးညိုမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဦးအောင်မင်းနိုင်(ရုပ်သံ-၃)