သတင်းဆောင်းပါး - တင်ထွန်း(ပြန်/ဆက်)
ရခိုင်ပြည်နယ်၏ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် အထောက်အကူ ပြုပေးနေသည့် အဓိကတံတားကြီးလေးစင်းရှိပြီး အဆိုပါတံတားကြီးများသည် အစိုးရသစ် လက်ထက် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် များအတွင်း အပြီးတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သော ပေ ၁၈၀ အထက် တံတားကြီးများ ဖြစ်သည်။
ဆတ်ရိုးကျတံတား
အဆိုပါ တံတားကြီးများနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်လမ်းဦးစီး ဌာန ပြည်နယ်òန်ကြားရေးမှူး ဦးခင်မောင်မြင့်က “ဆတ်ရိုးကျ တံတားကတော့ ပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင် ဘာလမှာ စတင်တည်ဆောက်ပြီးတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ တည်ဆောက်ပြီးစီးသွားတာ ဖြစ်ပါတယ်။ ဒီတံတားဟာ "ဆတ်ရိုးကျချောင်းကို ဖြတ်ပြီးတော့ တည်ဆောက်ထားတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ စစ်တွေ မြို့ လမ်းမတော်ရပ်ကွက်ကနေ ဟိုဘက် ရွှေမင်းဂံဘက် ဆတ်ရိုးကျ ကျေးရွာကို ဆက်သွယ်ထားတဲ့တံတား ဖြစ်ပါတယ်။ ဒီတံတားဟာ အရှည် ၁၆၄၂ ပေ ၊ ပင်မ သံပေါင်ပေ ၂၄၀ တစ်ခန်း၊ ပေ ၁၀၀ တစ်ဆယ့်တစ်ခန်း၊ ပေ ၃၀ ဆယ်ခန်းနဲ့ အပေါ်ထည်ကတော့ သံမဏိသံပေါင် တံတားအမျိုးအစား ဖြစ်ပါတယ်။ အောက်ထည် ကတော့ သံကူကွန်ကရစ်ဖြစ်ပြီး အုတ်မြစ် ကတော့ သံကူကွန်ကရစ် ဘိုးပိုင် အမျိုးအစား ဖြစ်ပါတယ်။
တံတားအမြင့် ၁၁ မီတာ
“ဒီချောင်းဟာ အကျယ် ပေ ၂၀၀ ပဲရှိပါတယ်။ ဒါပေမယ့် ချောင်းက သင်္ဘောတွေ ဝင်ထွက်သွားလာတာရှိ တဲ့အတွက်ကြောင့်ရယ်၊ စစ်တွေဘက် ကမ်းမှာလည်း မီးပွိုင့်တစ်ခုရှိတာ ကြောင့်ရယ်၊ သင်္ဘောတွေလည်း လွတ်အောင်၊ မီးပွိုင့်နဲ့လည်းလွတ် အောင်ဆိုပြီးတော့ တံတားအမြင့်ကို ၁၁ မီတာအထိမြှင့်ပြီး တည်ဆောက် လိုက်ရတဲ့အတွက် တံတားက ၁၆၄၂ ပေ ရှည်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် မီးပွိုင့်နဲ့ အဆင်ပြေအောင် ဆိုပြီးတော့ လမ်းမှာ အရှိန်လျှော့တုံးတွေ တပ်ဆင်သွားဖို့ရှိပါတယ်။” ဒီတံတားကြီးဟာ စစ်တွေမြို့ လမ်းမတော်ရပ်ကနေ တစ်ဖက်ကမ်း ဆတ်ရိုးကျကျေးရွာ၊ ရွှေမင်းဂံဆိပ်ကမ်းဘက်ကို ဆက်သွယ်ထား တဲ့အတွက် စစ်တွေမြို့ကို မြို့ကွက်သစ်တွေချဲ့မယ်ဆိုရင်လည်း ဆတ်ရိုးကျကျေးရွာဘက်၊ ရွှေမင်းဂံဘက်မှာ မြို့ကွက်သစ်တွေ အများကြီးချဲ့လို့ ရသွားပါပြီ။ နောက်ပြီးတော့ ရွှေမင်းဂံသင်္ဘောဆိပ်ရှိတယ်၊ ပြီးရင် အဝေးပြေးကားဝင်းလည်း အသစ်ဆောက်လုပ်ဖို့ရှိတယ်။ ရွှေမင်းဂံသင်္ဘော ဆိပ်ကနေ ကုန်စည်တွေကို စစ်တွေမြို့ကို အလွယ်တကူ သယ်ယူပို့ဆောင် လို့ရတယ်။ အဝေးပြေးကားဂိတ်လည်း ရှိတဲ့အတွက် ဒီတံတား ကိုဖြတ်ပြီးတော့ ကားဂိတ်ကနေ စစ်တွေမြို့ကို အလွယ်တကူသွားလို့ရတယ်။ စစ်တွေမြို့ကလည်း အလွယ်တကူ ကားဂိတ်ကို သွားလို့ရတဲ့ အတွက် ကုန်စည်စီးဆင်းမှုရော၊ သွားလာ ရေးအတွက်ရော ပြည်သူ တွေအတွက် များစွာ အကျိုးဖြစ်သွားပါပြီ” ဟု ပြောကြားသည်။
ကြပ်စင်တံတား
အဆိုပါတံတားကို ကုန်ကျငွေကျပ်ကျပ် ၈၈၂၃ သန်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်နှစ်ခုကို ဆက်စပ်ပေါင်းကူး ပေးမည့် အရှည်ပေ ၁၉၂၀ ရှိ ကြပ်စင် မြစ်ကူး တံတားကိုလည်း ကုန်ကျငွေကျပ် ကျပ် ၁၁၃၂၄ ဒသမ ၄၈၇ သန်းဖြင့် တည် ဆောက်ပြီးစီးပြီးဖြစ်ရာ ပြည်သူ များနှင့်ယာဉ်များ ဖြတ်သန်းသွားလာ လျက်ရှိနေပြီဖြစ်သည်။]]ဒီတံတားက မြေပုံမြို့ရဲ့အဓိကကျတဲ့ တံတား တစ်စင်းဖြစ်ပါတယ်။ မြေပုံ မြို့ဟာအရင်တုန်းက ရေလမ်းခရီး ကိုသာ အဓိကထား သွားလာနေရတဲ့ မြို့ တစ်မြို့ ဖြစ်ပြီးတော့ သွားလာရေး အလွန်ခက်ခဲတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ အခုဆိုရင် မြေပုံမြို့သူ၊ မြို့သားတွေ အနေနဲ့ အဆင်ပြေစွာ သွားလာနိုင်ပြီ ဖြစ်ပါတယ်။ ဒီတံတားကို ၂၀၁၄ ခုနှစ်က စတင် တည် ဆောက်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ပြီးစီးသွားပါတယ်။ ဒီတံတားက အရှည်အနေနဲ့ ပေ ၁၉၂၀ ရှိပြီးတော့ ပြည်ထောင်စု ရန်ပုံငွေနဲ့ ပြည်နယ်ရန်ပုံ ငွေနှစ်ခုပေါင်းပြီးတော့ တည်ဆောက်ထားတဲ့တံတား ဖြစ်ပါတယ်။ ကြပ်စင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ကြပ်စင်မြစ်ကူး တံတား ပြီးစီးသွား ပြီဖြစ်တဲ့အတွက် ကုန်းလမ်း ဆက်သွယ်ရေးနဲ့ ဆက်သွယ်မှုပြတ်တောက်နေတဲ့ မြေပုံမြို့ဟာလည်း အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးလာ တော့မှာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်မြင့်က ဆက်လက်ပြောသည်။
ဒါးလက်ချောင်းတံတား
ထိုနည်းတူ ကျောက်ဖြူခရိုင် အမ်းမြို့နယ်၊ မင်းဘူး - အမ်း -စစ်တွေ လမ်းပိုင်း၊ မိုင်တိုင်၂၆/၇-၂၇/၀ တွင် အရှည်ပေ ၉၆၀ ရှိ ‘ဒါးလက်ချောင်း တံတားကိုလည်း ပြည်ထောင်စုရန်ပုံ ငွေကျပ်ကျပ် ၇၀၇၀ ဒသမ ၀၀ သန်းဖြင့် တည်ဆောက်ခဲ့သည်။ အဆိုပါတံတားမှာ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိပြီး အလွန် အရေးပါသည့် တံတားတစ်စင်းလည်း ဖြစ်သည်။ တံတားကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် တည်ဆောက် ပြီးစီးခဲ့သည်။ တံတားမှာ ယခင်က အပေါ်ထည် ဘေလီတံတား ဖြစ်သည့်အတွက် တံတားအကျယ် ကျဉ်းမြောင်းသဖြင့် ယာဉ်များ တစ်စီးပြီးတစ်စီး စောင့်ဆိုင်းပြီး ဖြတ်သွားရသည်။ ယခု တံတားကြီး ပြီးစီးသွားသည့်အတွက် ပြည်သူများနှင့် ခရီးသွားဧည့်သည်များ၊ ကုန်စည် စီးဆင်မှုများမှာ နှစ်လမ်းသွား ကွန်ကရစ်တံတားကြီးကို ဖြတ်၍ အချိန်လည်းစောင့်ဆိုင်းစရာ မလိုတော့ဘဲ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ် သည်။ ထို့အပြင် ကုန်ချိန်များကို လည်း ၇၅ တန်အထိ ဖြတ်သန်းခွင့်ပြုလျက် ရှိသည်
တိမ်ညိုတံတား
နောက် တံတားတစ်စင်းမှာ မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်ရှိ မင်းဘူး- အမ်း- စစ်တွေ ပြည်ထောင်စု လမ်းမကြီး၊ မိုင်တိုင် ၁၂၀/ ၃-၁၂၀/၄ တွင်ရှိပြီး အရှည် ပေ ၃၆၀ ရှိ တိမ်ညို တံတားဖြစ်သည်။ ယင်းတံတားကို ကုန်ကျငွေကျပ် ၂၂၈၀ သန်းဖြင့် တည်ဆောက်ခဲ့ပြီးဖြစ်ရာ ပြည်သူများ နှင့် ယာဉ်များ ဖြတ်သန်းသွားလာလျက် ရှိပြီဖြစ်သည်။
“ဒီတံတားကလည်း မင်းဘူး- အမ်း- စစ်တွေ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှိတဲ့ တံတားတစ်စင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးအောင် ဆောက်ရွက်ခဲ့ပါတယ်။ ပြည်ထောင်စု လမ်းမကြီးပေါ်မှာရှိတဲ့အတွက် အလွန် အရေးပါတဲ့ တံတားကြီးတစ်စင်းလည်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ RPT သံပေါင်နဲ့ တစ်လမ်းမောင်း တံတား တစ်စင်းဖြစ်တော့ ကားတွေ တစ်စီးပြီး တစ်စီး စောင့်ဆိုင်းပြီး သွားရပါတယ်။ ကုန်ချိန်ကလည်း ၁၆ တန်အထိကန့်သတ် ထားပါတယ်။ အခုအချိန်မှာ အာစီ နှစ်လမ်းသွား တံတားတစ်စင်းဖြစ်သွား တဲ့အခါ ပြည်သူလူထုတွေအနေနဲ့ အချိန်တိုအတွင်း သွားလာနိုင်ပြီဖြစ်ပါ တယ်”ဟု ဦးခင်မောင်မြင့်က ဆက်လက် ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်းတွင် လမ်း ဦးစီးဌာနအနေဖြင့် လမ်းတံတားများကို အဆင့်မြှင့်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ လမ်းတံတားများကို ဆောင်ရွက်ရာတွင် စစ်တွေမြို့နယ်၊ ပုဏ္ဏကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ် တို့တွင်လည်း လမ်းများကို ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်လျက် ရှိသကဲ့သို့ မောင်တောမြို့နယ်တွင်လည်း မေယု တောင်ကိုဖြတ်ပြီး တောင်ကျော်လမ်း လေးလမ်းကို ဖောက်လုပ် လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုလမ်းမ ကြီးဖြစ်သည့် မင်းဘူး- အမ်း- စစ်တွေ လမ်းပေါ်တွင်လည်း ကတ္တရာလမ်းချဲ့ ခြင်း လုပ်ငန်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်အတွင်းက လမ်းများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။