အင်းတော် ၂၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းပေါ်ရှိ နဘား လမ်းဆုံးနေရာမှ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများဖမ်းမိခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၀ ရက် ည ၉ နာရီခွဲခန့်က အင်းတော်မြို့နယ်၊ နဘားနယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ်မျိုးသက်နိုင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်မောင်သင်းအနီးကပ်ကြီးကြပ်၍ သက်သေများနှင့်အတူ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းပေါ်ရှိ နဘားလမ်းဆုံနေရာတွင် သတင်းအရစောင့်ဆိုင်းနေစဉ် ကိုကိုအောင် မောင်းနှင်လာသော 5I/---- ယာဉ်အား ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်အတွင်းမှ တရားမဝင် တင်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး (၁၈ ဒဿမ ၆၂)ကီလိုဂရမ်အား ရှာဖွေစစ်ဆေး တွေ့ရှိရသဖြင့် ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာသူ ကိုကိုအောင်၊ မဟာအောင်မြေမြို့နယ်၊မန္တလေးတိုင်းဒေသကြီး နေထိုင်သူအား နဘားနယ်မြေရဲကင်းစခန်းမှ ကျောက်မျက်ဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
လူအောင်(ကသာ)