၂၂ ဧပြီ
HBO ရုပ်သံလိုင်းရဲ့ အောင်မြင်တဲ့ ဇာတ်လမ်းတွဲရုပ်ရှင် “Game of Thrones” ရဲ့ နောက်ဆုံးရာသီကို အထူးပွဲထုတ်လွှင့်ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို အထူးပွဲပြသခဲ့တဲ့ရုပ်ရှင်ကို အွန်လိုင်းကနေ ခိုးကူးမှုဟာ ၂၄ နာရီအတွင်းမှာ အကြိမ် ၅၄ သန်းခန့်ရှိခဲ့တယ်လို့ ဒစ်ဂျစ်တယ်ကုမ္ပဏီတစ်ခုရဲ့ ပြောကြားချက်ကို ကိုးကားကာ ဂလိုဘယ်နယူးစ်ဒေါ့ကွန်းက ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။
ရှစ်ရာ သီမြောက်နဲ့ ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းတွေကို ခိုးယူကြည့်ရှုကြတဲ့အထဲမှာ အိန္ဒိယနိုင်ငံက အများဆုံးဖြစ်ပြီး တစ်ရက်အတွင်း ကြည့်ရှုမှုအကြိမ်ပေါင်း ၁၀ သန်းခန့်ရှိတယ်လို့ ဒစ်ဂျစ်တယ်ကျူးကျော်မှု ခွဲခြမ်း စိတ်ဖြာရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ မူဆိုက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကုမ္ပဏီရဲ့ ပြောကြားချက်အရ ဒုတိယအများဆုံးမှာ တရုတ်နိုငံမှဖြစ်ပြီး တစ်ရက်အတွင်း အကြိမ်ငါးသန်း ခိုးယူကြည့်ရှုကြကြောင်း သိရပါတယ်။
ကြေးမုံ