မြို့သစ် ၂၂ ဧပြီ
နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား ကျောင်သူများ အင်္ဂလိပ်စာ အခြေခံကောင်းများရရှိရန်နှင့် အင်္ဂလိပ်စာ အသံရွတ်ဆိုမှု မှန်ကန်စေရန်ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာ Grammar သင်တန်း(အခမဲ့) ကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝင်းအိဇွန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြား၍ ဆရာကြီးဦးကျော်ဝင်း ပညာရေးမှူး (အငြိမ်းစား)မှ သင်တန်းဖွင့်လှစ်သည့် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၁၇ ရက်နေ့ထိ သင်တန်းကို ပျက်ကွက်မှုမရှိ တက်ရောက်ကြရန်နှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် အင်္ဂလိပ်စာ Grammar အခြေခံကောင်းများရရှိရန် (အခမဲ့)သင်တန်းပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင်တန်းကို အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)
