စစ်တွေ   ၂၂  ဧပြီ

 

စစ်တွေခရိုင်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တတိယတန်း (Grade-3) သင်ရိုးသစ် ခရိုင်အဆင့် နည်းပြသင်တန်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက စစ်တွေမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဆရာကြီးဦးကြည်လွင်က “ပညာရေးဌာနရဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တဲ့ KG+12 စနစ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ဒီသင်တန်းကို ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးစနစ် မြင့်မားလာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ Grade-3 နဲ့ Grade-6 အတန်းတွေကို ဒီနှစ်သင်ရိုးသစ်စနစ်နဲ့ စတင်သင်ကြားမှာ ဖြစ်ပါတယ်။ ထူးခြားတာက သင်ရိုးသစ်တွေမှာ ကလေးတွေကိုယ်တိုင် ဉာဏ်ရည်ဉာဏ်သွေးတွေနဲ့ ပါဝင်ဆောင်ရွက်ရမယ့် သင်ခန်းစာတွေပါပါတယ်။ ဒီသင်တန်းတွေကနေ ပို့ချခဲ့တဲ့ ဘာသာရပ်တွေကို ထိရောက်စွာ ပြန်လည်သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ပြဋ္ဌာန်းစာအုပ်နဲ့ သင်ထောက်ကူပစ္စည်းတွေလည်း အပြည့်အစုံရရှိပြီ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

ဆွေးနွေးပွဲတွင် သင်တန်းနည်းပြ ၃၂ ဦးနှင့် ဆရာ ဆရာမ ၃၃၁ ဦးတို့က သင်ရိုးသစ် ပညာရေးစနစ်ကို ဧပြီ ၂၂ ရက်မှ မေ ၈ ရက်အတွင်း နံနက် ၉ နာရီမှ ၄ နာရီအထိ ဆွေးနွေးကြမည်ဖြစ်ကာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများ ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

Grade-6 သင်ရိုးသစ် ခရိုင်အဆင့် နည်းပြသင်တန်းအလုပ်ရုံ ဆွေးနွေးပွဲကို မေလတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သန့်ဇင်ဝင်း၊ အောင်ကျော်ဦး

 

IMG_201