၂၂ ဧပြီ
ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ နာဂါဆာကီမြို့တော်ဝန်သည် ပြိုင်ဘက် သုံးဦးကို အနိုင်ရရှိခဲ့ပြီးနောက် လေးကြိမ်မြောက် လေးနှစ်သက်တမ်းအတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခံရကြောင်း သိရသည်။
တိုမီဟီဆာ တာယူအိသည် ယမန်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဆန္ဒမဲပေါင်း ၈၆၀ဝ၀ ကျော်ရရှိခဲ့ပြီး ဒုတိယနေရာ ရရှိသူသည် ဆန္ဒမဲ ၅၄၀ဝ၀ ခန့်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
အသက် ၆၂ နှစ်အရွယ် မြို့တော်ဝန်က အဏုမြူဗုံးကြဲခံခဲ့ရသည့်မြို့တော် အတွေ့အကြုံကို မျိုးဆက်သစ်လူငယ်များ ဆီသို့လက်ဆင့်ကမ်းရန် ပိုမိုကြိုးစားလုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
၂၀ဝ၇ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း တာဝန်ထမ်းဆောင်ဆဲ မြို့တော်ဝန် ပစ်သတ်ခံခဲ့ရပြီးနောက် ထိုအချိန်ကနာဂါဆာကီမြို့တော်အစိုးရ အရာရှိတစ်ဦးဖြစ်သည့် တိုမီဟီဆာ တာယူအိ သည် မြို့တော်ဝန် ဖြစ်လာခဲ့သည်။
ဘာသာပြန်- မြင့်မြင့်ချို
ကိုးကား - အန်အိတ်ချ်ကေ