၂၂ ဧပြီ
ဒုတိယအကျော့ပြန်လည်ကျင်းပခဲ့သော ရွေးကောက်ပွဲပြီးနောက် ယူကရိန်းသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတကို မဲအသာ ရရှိပြီးနောက် ယူကရိန်းနိုင်ငံရေးဇာတ်ခုံသို့ စတင်ဝင်ရောက်လာသည့် မျက်နှာသစ်နိုင်ငံရေးသမား တစ်ဦးက ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။
ယမန်နေ့က ဒုတိယအကျော့ပြန်လည်ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် သမ္မတ ပက်ထရို ပိုရိုရှန်ကို သက်တမ်းကုန်ဆုံးခဲ့ကြောင်းနှင့် ဒေသစံတော်ချိန် ည ၈ နာရီတွင် မဲရေတွက်မှုကို စတင်ရေတွက်ခဲ့ကြပြီး ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ထောက်ခံသူများကို စကားပြောခဲ့သော ဟာသသရုပ်ဆောင် ဗိုလိုဒီမာ ဇီလန်စကီက သမ္မတအဖြစ်တရားဝင် အသိအမှတ်ပြုမခံရသေးသော်လည်း မိမိအား ထောက်ခံမဲပေးသူများကို ကျေးဇူးတင်စကားပြောကြားလိုကြောင်း ဖော်ပြထားသည်။
ယူကရိန်း သုတေသနအဖွဲ့က ဆန္ဒမဲများ စတင်ရေတွက်မှု ပြီးလျှင်ပြီးခြင်း လူထုသဘောထား ကောက်ယူမှုစစ်တမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။
၄၀ ရာခိုင်နှုန်းမဲရေတွက်ပြီးချိန်တွင် ဗဟိုရွေးကောက်ပွဲကော်မရှင်က မဲအရေအတွက် ၂၄ ဒသမ ၄ ရာခိုင်နှုန်း ပိုရိုရှန်ကို ရရှိချိန်တွင် ဇီလန်စကီက မဲအရေအတွက် ၇၃ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ဆိုသည်။
ဘာသာပြန်- မြင့်မြင့်ချို
ကိုးကား - အန်အိတ်ချ်ကေ