မောင်သာ(ရှေးဟောင်းသုတေသန)
အင်္ဂါ၊ ဧပြီ ၂၃၊ ၂၀၁၉ထေရဝါဒဗုဒ ̈ဘာသာကို ပြည်သူအများစုကိုးကွယ်သည့် မြန်မာနိုင်ငံတွင် သာသနိက အဆောက်အအုံများဖြစ်သည့် စေတီပုထိုးများ၊ သံဃာတော်များ သီတင်းသုံးသည့် ဘုန်းတော်ကြီးကျောင်းများ၊ ယုံကြည်ကိုးကွယ်ကြသည့် ဗုဒ ̈ဆင်းတုတော်များကို နေရာအနှံ့၌ မြင်တွေ့ ကြရသည်။
ထေရဝါဒဗုဒ ̈သာသနာသည် ပုဂံဘုရင် အနော်ရထာမင်းကြီးလက်ထက်တွင် ပုဂံသို့ ရောက်ရှိခဲ့သည်ဟု အစဉ်အဆက် ပြောဆိုခဲ့ကြသော်လည်း ပုဂံထက်များစွာ စောသည့် ပျူခေတ်တွင် ဗုဒ ̈ဘာသာရှိနေခဲ့ကြောင်း အထောက်အထားများကို တွေ့ရှိခဲ့ကြရသည်။ ထို့ကြောင့် ပျူမြို့ဟောင်းသရေခေတ္တရာ ခင်ဘကုန်းမှ တူးဖော် ရရှိခဲ့သည့် ဗုဒ ̈ ပိဋကတ်စာပေကောက်နုတ်ချက်များ ရေးထားသည့် ရွှေပေလွှာ များနှင့် ပျူခေတ်တွင်တည်ဆောက်ခဲ့သည့် စေတီပုထိုးများ၊ ဗုဒ ̈ရုပ်ပွားဆင်းတုတော် များကို ယနေ့တိုင် မြင်တွေ့ ကြရပေသည်။
မြေမီးဖုတ် အုတ်ခွက်ဘုရား
ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံ၌ ဗုဒ ̈ရုပ်ပွားဆင်းတုတော်များကို ကျောက်၊ သစ်၊ အုတ်၊ အဂငေ်္တ၊ ရွှေ၊ ငွေ၊ ကြေး စသည်ဖြင့် ထုလုပ်၊ သွန်းလုပ်၍ရသည့် ဝတ္ထု ပစ္စည်းများဖြင့် ပြုလုပ်ခဲ့ကြရာတွင် မြေမီးဖုတ် အုတ်ခွက်ဘုရားများလည်း ပါဝင်ခဲ့သည်။
အုတ်ခွက်ဘုရားများကို မြန်မာနိုင်ငံမြောက်ပိုင်း၊ ဧရာဝတီမြစ်နှင့်ရွှေလီမြစ်ဆုံ ဒေသမှ မြန်မာနိုင်ငံတောင်ပိုင်းမြိတ်ဒေသနှင့် မြန်မာနိုင်ငံအနောက်ဘက် ရခိုင် ဒေသအထိ တွေ့ရှိရသည်။ အုတ်ခွက်ဘုရားများကို မည်သူမဆို အလွယ်တကူ ပြုလုပ် နိုင်သောကြောင့် ခေတ်အဆက်ဆက် ပြုလုပ်ခဲ့သည့် အုတ်ခွက်ဘုရားများကို မြန်မာနိုင်ငံ နေရာအနှံ့၌ တွေ့ ရှိခဲ့ကြရပေသည်။
အုတ်ခွက်ဘုရားများသည် မြေ သို့မဟုတ် ရွှံ့ကို ပုံစံသွင်း၍ မီးဖုတ်ထားသော ဆင်းတုတော်များဖြစ်ကာ မြေပုံဘုရားဟုလည်း ခေါ်ဆိုကြသည်။ အုတ်ခွက်ဘုရား များကို သုတေသနတူးဖော်မှုများပြုလုပ်စဉ်၊ ဘုရားစေတီဟောင်းများကို ပြုပြင်စဉ်၊ လိုဏ်များတူးဖော်စဉ် တွေ့ရှိရသည်။ တစ်ခါတစ်ရံ၌အုတ်ခွက်ဘုရားများကို တစ် နေရာတည်းမှ အများအပြားရရှိနိုင်ပေရာ တကောင်းမြို့ဟောင်း ရွှေစည်းခုံဘုရားမှ အုတ်ခွက်ဘုရားအဟောင်းနှင့် အကျိုးများကို လှည်းငါးစီးတိုက်ခန့် ရရှိခဲ့သည်။
အုတ်ခွက်ဘုရားများကို အိန ́ိယနိုင်ငံနှင့် မြန်မာနိုင်ငံအတွင်း သွားလာကြသူများ သည် မိမိတို့ဒေသသို့ ယူဆောင်လာခဲ့ကြပြီး ကိုယ်တိုင်ပြုလုပ်ကြခြင်းဖြင့် တစ်စ တစ်စ ပျံ့နှံ့ခဲ့သည်။ စေတီ ပုထိုးများသို့ လှူဒါန်းရန် ကိုယ်တိုင် ပြုလုပ်နိုင်သောကြောင့် အုတ်ခွက်ဘုရားများကို ခေတ်အဆက်ဆက် နေရာအနှံ့၌ တွေ့ရှိရပေသည်။အုတ် ခွက် ဘုရားများတွင် အိန ́ိယမှ ယူဆောင်လာသည့် ဘုရားများလည်းရှိသည်။အုတ်ခွက်ဘုရားများကို ပျူခေတ်တွင်အစောဆုံးတွေ့ရှိရကာ ပုဂံခေတ်တွင်လည်း များစွာ ပြုလုပ်ခဲ့ကြသည်။ ပုဂံ အုတ်ခွက်ဘုရားများတွင် အနိရုဒ ̈ဒေဝ (အနော်ရထာ မင်းကြီး) ပြုလုပ်ခဲ့ကြောင်း ကမ္ပည်းစာများပါသော အုတ်ခွက်များသည် အထူး ထင်ရှားကာ စာပေ၊ယဉ်ကျေးမှုနှင့်ရှေးဟောင်းသုတေသနတန်ဖိုး ကြီးမြင့်သည့် အမွေအနှစ်များဖြစ်လာခဲ့သည်။
အုတ်ခွက် ပုံစံများ
မြန်မာနိုင်ငံတွင် ငါးရာစုမှ ၁၅ ရာစုအထိ အုတ်ခွက်ဘုရားများကို ပုံစံမျိုးစုံ ပြုလုပ်ခဲ့သည့်အနက် ပျူခေတ်လက်ရာ အုတ်ခွက်ဘုရားအများစုသည် ညောင်ရွက် ပုံနှင့် ခုံးပေါက်ပုံများဖြစ်ကြပြီး ပုဂံခေတ် အုတ်ခွက်ဘုရားများတွင် ပုံစံ ၁၇ မျိုး ရှိခဲ့သည်။ ပုဂံ ကုန်းအမှတ် ၁၅၂၆ မှရရှိခဲ့ပြီး အမြင့် ရှစ်လက်မနှင့် အကျယ် ခြောက် လက်မရှိသည့် အုတ်ခွက်တွင် စေတီပုံ ၁၂၅ ဆူ ထည့်သွင်း ပြုလုပ်ထားပုံကို ထူးခြား စွာ မြင်တွေ့ ကြရသည်။ ထို့အတူ အာနန ́ာဘုရားအနီးအရှေ့ဘက်ကွင်းပြင်မှ ရရှိခဲ့ သည့် အုတ်ခွက်သည် ဘာသာရေးနှင့် သက်ဆိုင်မှုမရှိဘဲ အသီးအနှံများ၊ ပန်းများ၊ အပင်များ၏ အမည် ၆၅ ခုကို ရေးသားထားသည်။
အုတ်ခွက်ဘုရားများသည် အများအားဖြင့် ရှေ့မျက်နှာတွင် ဗုဒ ̈ရုပ်ပွားတော်ကို မဏ္ဍိုင်ပြုလျက် အခြံအရံများ ထုလုပ်ကာ ကျောဘက်တွင် အလှူရှင်အမည်နှင့် ဆုတောင်းစာကိုရေးသားထားလေ့ရှိခဲ့သည်။ ယင်းတို့သည် ယေဘုယျအားဖြင့် အလျား ငါး လက်မ၊ အမြင့် ခုနစ် လက်မ၊ ထု နှစ်လက်မရှိကာ ဗုဒ ̈ရုပ်ပွားတော်၏အောက်ခြေတွင် သက္ကတ၊ ပါဠိဘာသာ စာသားများကို ရှေးဟောင်းပျူ၊ မွန်၊ မြန်မာ အက္ခရာများဖြင့်ရေးသားခဲ့ကြသည်။အုတ်ခွက်ဘုရားများ၏ရှေ့မျက်နှာတွင် နဂရီ အက္ခရာများကို ဖောင်းြွက ရေးသား၍ အုတ်ခွက်ရှေ့ ဘေးနှစ်ဖက်ဘောင်ပေါ်တွင် ကမ္ပည်းစာများရေးထိုးခဲ့ကြသည်။
အုတ်ခွက်ဘုရားများကို စေတီပုထိုးများတွင် ပူဇော်ထားလေ့ရှိရာတွင် အချို့စေတီ များတွင် အုတ်ချပ်များနှင့် အုတ်ခွက် ဘုရားများကို တစ်ခုစီယှဉ်တွဲလျက် အတန်း လိုက် ထားရှိတတ်သကဲ့သို့ အချို့ကိုလည်း လိုဏ်များတွင် ထည့်သွင်းထားခဲ့ကြသည့် အပြင် ဘုရားတွင် ဌာပနာထားသည်ကိုလည်းတွေ့ရှိနိုင်သည်။ တစ်ခါတစ်ရံတွင် ရာသီဥတုဒဏ်မခံရသဖြင့် အကောင်းအတိုင်း ကျန်ရှိနေသည့် မီးဖုတ်ပြီးစ အုတ်ခွက် ဘုရားများကို တွေ့ရှိရသည်။
အနုပညာ လက်ရာများဖြစ်သည့် အုတ်ခွက်ရုပ်ပွားဆင်းတုများအနက် ပုဂံခေတ်အုတ်ခွက်ဘုရားများတွင် ဘုရားရှင်ဖွားတော်မူခန်း၊ပွင့်တော်မူခန်း၊ ဓမ္မ စကြာတရားဦးဟောတော်မူခန်း၊ တာဝတိံသာနတ်ပြည်မှ လူ့ ပြည်သို့ဆင်းတော် မူခန်း၊ ပါလိလေယျကတော၌ သီတင်းသုံးတော်မူခန်း၊ တန်ခိုးပြာဋိဟာပြခန်း၊ နာဠာ ဂီရိဆင်ကို အောင်တော်မူခန်းနှင့် ပရိနိဗ္ဗာန်စံတော်မူခန်း ဟူသည့် ဗုဒ ̈ဝင်ရှစ်ခန်းကို ထုလုပ်လေ့ရှိသည်။ပျူအုတ်ခွက်များတွင် သုဇာတာသတို့သမီး ဃနာနို့ဆွမ်းကပ် သည့်ပုံကိုပါ ထည့်သွင်း၍ ဗုဒ ̈ဝင်ကိုးခန်း ပြုလုပ်သည်။
ဘုရားရှင်၏ ရုပ်ပွားဆင်းတုတော်များ၏ လက်တော်ဟန် (မုဒြာ)နှင့်ခြေတော်ဟန် (အာသန) တို့ကို ပုံစံများစွာ ပြုလုပ်လေ့ရှိသော်လည်း ဘူမိဖဿမုဒြာဟု ခေါ်သည့် လက်ချောင်းမြေထိပုံစံနှင့် ဈာနာသနဟုခေါ်ဟည့် ဈာန်သမာပတ်ဝင်စားနေသည့် ပုံကို အများဆုံး တွေ့ရှိရသည်။ ထို့အတူပင် ပျူနှင့်ပုဂံ အုတ်ခွက်များတွင် ဗုဒ ̈ရုပ်ပွား တော်များကို ဘူမိဖဿမုဒြာ၊ ဈာနာသန ဟန်များဖြင့် ကြာပလ္လင်ခံကာ ပြုလုပ်ကြ သည်။ အုတ်ခွက်ဘုရားများတွင် ဘုရားရှင်သို့မဟုတ် ဗောဓိသတ္တဘုရားလောင်းကို သာဝက၊ ကြင်ယာတော်၊ ပရိသတ်များခြံရံ ထုလုပ်လေ့ရှိကြောင်းလည်း တွေ့ရှိနိုင်သည်။ ပုဂံခေတ် အုတ်ခွက်ဘုရားများတွင် သာဝကများ ခြံရံနေပုံနှင့် ဗောဓိသတ္တ ဘုရားလောင်းခြံရံနေပုံကို အများဆုံး တွေ့ရှိကြရသည်။
အုတ်ခွက်ဘုရားများနှင့်စပ်လျဉ်း၍ ဘိုးတော်ဘုရားက ပထမ မောင်းထောင်ဆရာ တော်အား အုတ်ခွက်ဘုရားများအောက်ခြေတွင်ရေးသားထားသော စာများသည် မည်သည့် ဘာသာစကားနှင့် မည်သည့် အဓိပ္ပာယ်ရှိကြောင်းမေးလျှောက်ခဲ့သည်။ ယင်းတို့သည် ယွန်းဘာသာစကားများမဟုတ်ဘဲ သက္ကတနှင့် ပါဠိဘာသာများဖြစ်ပြီး အများအားဖြင့် နဂရီဘာသာဖြင့် ယေဓမ္မာ ဟေတုပ္ပ ဘဝါ ဟုရေးသားလေ့ရှိကြောင်း ဖြေဆိုခဲ့သည်။
အုတ်ခွက်ဘုရားများကို ပျူခေတ်မှသည်ကုန်းဘောင်ခေတ်အထိတွေ့ရှိခဲ့ကြရာ ပျူအုတ်ခွက်များသည် ပုဂံအုတ်ခွက်များထက် လက်ရာပိုမိုသေသပ်ကောင်းမွန် ကြောင်းတွေ့ရှိနိုင်သည်။ ပုဂံခေတ်နှောင်းပိုင်းအုတ်ခွက်များသည် ပုဂံရှေ့ပိုင်း အုတ်ခွက်များထက် ပိုမိုကောင်းမွန်သည့်တိုင် ပျူအုတ်ခွက်များကို မမီချေ။
မည်သို့ပင်ဆိုစေ အုတ်ခွက်ဘုရားများသည် အလှူရှင်များ၏ စိတ်ကူးစိတ်သန်း အပေါ်မူတည်လျက် ဗုဒ ̈ယဉ်ကျေးမှုလက်ရာ ပုံစံများစွာကိုဖော်ညွှန်းနေကြပေသည်။ အုတ်ခွက်ဘုရားအလှူရှင်အမည်များကို အုတ်ခွက်မျက်နှာစာရှိ ရုပ်ပွားတော် ပလ္လင် အောက်ခြေနှင့် အုတ်ခွက်၏ ကျောဘက်တွင်ရေးထိုးခဲ့ကြသည်။ အလှူရှင်များတွင် ဘုရင်၊ မိဖုရား၊ မှူးမတ်နှင့် ရဟန်းသံဃာများအပြင် သာမန်ပြည်သူများကိုလည်း တွေ့ရှိနိုင်သည်။ အုတ်ခွက်ဘုရားအလှူရှင်အမည်များမှ ပုဂံဘုရင်များ၏ ဘွဲ့အမည် များ၊ သားတော် သမီးတော်များ၏ ဘွဲ့များကို သိရှိကြရပေသည်။
တွံတေးမြို့နယ်၊ မောင်းတီးဘုရားမှ တွေ့ရသည့် အနော်ရထာမင်းအုတ်ခွက်များ ကဲ့သို့ ကြီးမားသော အုတ်ခွက်များကို သီရိပစ္စယာရွာ တောင်ဘက်ရှိ ကျောက် စကားကြီးဘုရား အာရုံခံအတွင်းမှ ၁၉၉၃ ခုနှစ်တွင် တူးဖော်ရရှိခဲ့ရာ အလျား ၁၅ ဒသမ ၇၅ လက်မ၊ အမြင့် ၁၀ ဒသမ ၅ လက်မနှင့် ထု ၃ ဒသမ ၇၅ လက်မရှိသည်။၂၀ဝ၇ ခုနှစ်တွင် ကျောက်စကားကြီးဘုရား အနောက်ဘက်မှ အလျား ၁၆ လက်မ၊ အမြင့် ၂၁ လက်မ၊ ထုလေးလက်မရှိသည့် အုတ်ခွက်ကြီးတစ်ခုကို ထပ်မံ ရရှိခဲ့သည်။ ယင်း အုတ်ခွက်ကြီးနှင့်အတူ စောလူးမင်းဘွဲ့ပါရှိသော အုတ်ခွက်ကြီးများနှင့် နှစ်ကျိပ် ရှစ်ဆူပုံပါရှိသော အုတ်ခွက်အကျိုးများကို တွေ့ရှိခဲ့ရသည်။
ပညာရှင်များက အုတ်ခွက်ဘုရားများတွင် ပါရှိသည့် ဆင်းတုများ၏ လက်ရာကို ကြည့်၍ မည်သည့်ခေတ်တွင် မည်သည့် ဘုရင်က ပြုလုပ်ခဲ့ကြောင်းခွဲခြားနိုင်ကြပေ သည်။ အုတ်ခွက်ဘုရားများသည် တစ်ခုနှင့် တစ်ခု မတူညီကြသော်လည်း အားလုံး သည် ဗုဒ ̈ယဉ်ကျေးမှုကို ဖော်ညွှန်းသည့် ဘာသာရေးဆိုင်ရာ အမွေအနှစ်များသာ ဖြစ်ကြပေသည်။ ထို့အတူ ဗုဒ ̈ဝင်ရှစ်ခန်းကို အသားပေး ထုလုပ်ထားသည့် အန ́ဂူ ရုပြွ်ကများသည်လည်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများ ဖြစ်ကြပေရာ ယင်းတို့ကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မြန်မာတို့၏ ယဉ်ကျေးမှုဂုဏ်ကို ပိုမိုမြှင့်တင်နိုင်ကြမည်ဖြစ်သည်။
သရေခေတ္တရာ အုတ်ခွက်ဘုရားများ
မြန်မာနိုင်ငံ၏ အစောဆုံး အုတ်ခွက်ဘုရားများကို သရေခေတ္တရာမြို့ဟောင်းမှ အများဆုံးရရှိခဲ့သည်။ သို့သော် အခြား ပျူမြို့ ပြများဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် မိုင်းမောတို့တွင် အုတ်ခွက်ဘုရားများကို မတွေ့ရှိရချေ။ သရေခေတ္တရာမှ ရရှိခဲ့သည့် အုတ်ခွက်ဘုရားများတွင် ထေရဝါဒဗုဒ ̈ဘာသာဆိုင်ရာ ဗုဒ ̈ဆင်းတု အုတ်ခွက်များ အပြင် မဟာယန ကိုးကွယ်မှုဆိုင်ရာ ဗောဓိသတ္တ အုတ်ခွက်များကိုလည်း တွေ့ရှိရသည်။
သရေခေတ္တရာ အုတ်ခွက်များတွင် ဘဲဥပုံ၊ အောက်ခြေ ဘဲဥပုံရှိ၍ အထက်တွင် ချွန်နေပုံ၊ လေးထောင့်ပုံ၊ အဝိုင်းပုံ၊ ထောင့်မှန် စတုဂံပုံ၊ အောက်ခြေထောင့်မှန်စတုဂံ ရှိ၍ အထက်တွင်ချွန်နေပုံနှင့် အောက်ခြေထောင့်မှန်စတုဂံရှိ၍ အထက်တွင် အဝိုင်း ပုံဟူ၍ အဓိက ပုံစံ ခုနစ်မျိုးတွေ့ရှိရသည့်အနက် ဘဲဥပုံ၊ အောက်ခြေဘဲဥပုံနှင့်အထက် အချွန်ပုံ အုတ်ခွက်များကို အများဆုံး တွေ့ရှိရသည်။ယင်းတို့အနက် အသေးဆုံး အုတ်ခွက်ဘုရားသည် အကျယ် ၁ ဒသမ ၅ လက်မ ရှိကာ အများအားဖြင့် အကျယ်၂ ဒသမ ၂၅ လက်မမှ ၅ လက်မ၊ အမြင့် ၃ လက်မ မှ ၄ လက်မအထိရှိကြသည်။ သရေခေတ္တရာ အုတ်ခွက်များတွင် အချို့ကို ဘောင် ကွပ်ထား၍ အချို့ကို ဘောင်ကွပ်ထားခြင်းမရှိချေ။ သရေခေတ္တရာမြို့ဟောင်းအတွင်း ရှိ မုထောရွာမှ မြေမီးဖုတ်အုတ်ခွက်ဘုရား အများအပြားကို ၁၉၂၇ ခုနှစ်နှင့် ၁၉၂၈ ခုနှစ်များတွင် ရရှိခဲ့ရာ အမြင့် ၅ လက်မနှင့် အချင်းဝက် ၃ လက်မရှိသည်။
သရေခေတ္တရာ အုတ်ခွက်ဘုရားတစ်ဆူတွင် ထုလုပ်ထားသည့် ဗုဒ ̈ရုပ်ပွားတော်၏ လက်တော်ဟန်(မုဒြာ)သည် ဘူမိဖဿ (လက်ချောင်းများမြေထိပုံစံ) ဖြစ်ကာ ရုပ်ပွားတော် တစ်ဖက်တစ်ချက်တွင် စေတီပုံစံ တစ်ခုစီ ရံထားသည်။ အောက်ခြေ ပလ္လင်ခုံတွင်မူ ပန်းအိုးတစ်လုံးစီ ရံထားသည့် ခြင်္သေ့ဦးခေါင်းပုံကို မြင်တွေ့ ကြရသည်။ပလ္လင်အောက်ခြေတွင် ယေဓမ္မာ အစချီသည့် ဂါထာတော်ကို ရေးထားသည်။ကျော ဘက်တွင် ပျူအက္ခရာများဖြင့် ဗ ́ံးစာကေ ဟု ရေးထားသဖြင့် အလှူရှင်၏ အမည်ဟု ယူဆရသည်။ ယင်းအုတ်ခွက်ကို ပညာရှင်များက အေဒီ ၈ ရာစုနှင့် ၉ ရာစုအတွင်း လက်ရာဟု ခန့်မှန်းခဲ့သည်။
သရေခေတ္တရာမှ တွေ့ရှိခဲ့ရသည့် အောက်ခြေလေးထောင့်နှင့် ထိပ်ချွန်းပုံစံ မြေမီးဖုတ် အုတ်ခွက်များတွင် ဗုဒ ̈ရုပ်ပွားတော်ကို အုတ်ခွက်အလယ်၌ ကြာပလ္လင်ပေါ် တွင်သီတင်းသုံးနေဟန် ထုလုပ်ထားသည်။လက်တော်ဟန်သည် လက်တော်နှစ်ဖက် ကို ရင်ဘတ်ပေါ်သို့ တင်ထားသည့် အဘယမုဒြာဟန်ဖြစ်သည်။ ပလ္လင်အောက်ခြေတွင် မဟာဝဂ္ဂပါဠိတော်၊ ဒီဃနိကာယ၊ သုတ္တန်ပိဋကတ်တော်မှ ကောက်နုတ်ထား သည့်ဘုရားဂုဏ်တော်များကို ရေးသားထားသည်။စာအရေးအသားသည် အေဒီ ငါးရာစုမှ ခုနစ်ရာစုအတွင်းက အိန ́ိယနိုင်ငံတောင်ပိုင်းတွင်အသုံးပြုခဲ့သည့် တေလဂူ အရေးအသားနှင့် ဆင်တူကြောင်း ရှေးဟောင်းသုတေသနပညာ ပါမောက္ခတစ်ဦး က သုံးသပ်ခဲ့သည်။
သရေခေတ္တရာမှရရှိခဲ့သည့် မဟာယန ဗုဒ ̈ဘာသာနှင့် စပ်လျဉ်းသည့် မြေမီးဖုတ် များတွင်ဗောဓိသတ္တ၊ အဝလောကိတေသရ၊ အဒိဘူတဗုဒ ̈နှင့်လောကနာထပုံများကို မြင်တွေ့ရသည်။ အဝလောကိတေသရ အချို့တွင် ဦးခေါင်းတော်၌သရဖူ ဆောင်း ထား၍ အချို့တွင် သရဖူဆောင်းထားခြင်းမရှိချေ။ မှော်ဇာမှ ရရှိခဲ့သည့် ဗောဓိသတ္တ မြေမီးဖုတ်ဘုရားတွင် ခြေတော်ဟန်သည် ကြာပလ္လင်ပေါ်မှ ခြေတွဲလဲချ၍ ထိုင်နေ ဟန် ဖြစ်သည်။
တောင်လုံးညိုရွာမှ ရရှိခဲ့သည့် ၄ ဒသမ ၅ လက်မမြင့်သော အုတ်ခွက်ဘုရားတွင် ရုပ်ပွားသုံးဆူပါရှိကာ အလယ်ဆင်းတုတော်သည် ကြာပလ္လင်တွင်ထိုင်၍ မကိုဋ် ဆောင်းထားပြီး ဘေးနှစ်ဖက်မှ ရုပ်ပွားများသည် အလယ်ရှိ ရုပ်ပွားဘက်သို့ မျက်နှာမူလျက် ထိုင်နေကြသည်။
သရေခေတ္တရာမှ ရရှိခဲ့သည့် အုတ်ခွက်များကို ထေရဝါဒဆိုင်ရာ အုတ်ခွက်များ၊ မဟာယနဆိုင်ရာ အုတ်ခွက်များ၊ ထေရဝါဒနှင့် မဟာယနကို ရောစပ်ထားသည့် အုတ်ခွက်များဟု ပိုင်းခြားနိုင်သည်။ ဗုဒ ̈ရုပ်ပွားတော် အုတ်ခွက်၊ ဗောဓိသတ္တရုပ်ပွား တော် အုတ်ခွက်တို့အပြင် ဗုဒ ̈ရုပ်ပွားကို မဟာယန နတ်ရုပ်များရံထားသည့် အုတ် ခွက်များကိုလည်းတွေ့ရှိရသဖြင့် သရေခေတ္တရာတွင် ရှိခဲ့သည့် ပျူလူမျိုးများသည် ထေရဝါဒဗုဒ ̈ဘာသာအပြင် မဟာယနဗုဒ ̈ဘာသာကိုလည်း ကိုးကွယ်ခဲ့ကြကြောင်း ယူဆနိုင်ခဲ့ပေသည်။ ထို့အတူ ဣတိပိသောဘဂဝါ အစရှိသော ဂါထာကို ရေးထိုးထား သည့်အုတ်ခွက်နှင့် ယေဓမ္မာဂါထာကို ရေးထိုးထားသည့် အုတ်ခွက်၊ ယေဓမ္မာဂါထာ ရေးထိုးထားသော ဗောဓိသတ္တ (သို့မဟုတ်) အဝလောကိတေသရ (သို့မဟုတ်) လောကနာထ မြေမီးဖုတ် အုတ်ခွက်ဘုရားဟူ၍ သုံးမျိုး တွေ့ရပါသည်။
ဘီစီ၂၀ဝ ပြည့်ခုနှစ်တွင် ဗုဒ ̈ဝါဒသည် မဟာယာနနှင့် ထေရဝါဒဟု နှစ်ဂိုဏ်းကွဲခဲ့ရာ မဟာယာနဂိုဏ်းသည် သက္ကတ ဘာသာကိုအသုံးပြု၍ ဟိနယာန ဗုဒ ̈ဝါဒ (သို့ မဟုတ်) ထေရဝါဒ ဗုဒ ̈ဝါဒသည် ပါဠိဘာသာကိုအသုံးပြုခဲ့သည်ဟု အိန ́ိယ သုတေသီ များက ဆိုခဲ့ကြသည်။ သရေခေတ္တရာတွင်တွေ့ရှိရသော အုတ်ခွက်ဘုရားအချို့တွင် ပါဠိဘာသာဖြင့် ရေးထိုးထားသည့် ယေဓမ္မာ ဂါထာတော်သည် ထေရဝါဒဗုဒ ̈ ဘာသာနှင့် သက်ဆိုင်နေပေသည်။ အေဒီငါးရာစုမှ ခုနစ်ရာစုအတွင်းက ပြုလုပ်ခဲ့ သော ဣတိပိသော ဘဂါဝါ ဂါထာပါ အုတ်ခွက်ဘုရားများသည်လည်း ထေရဝါဒ ဗုဒ ̈ဝါဒနှင့် သက်ဆိုင်သောအုတ်ခွက်ဘုရားများဖြစ်ကြသည်။
ဗောဓိသတ္တပုံပါရှိပြီး ယေဓမ္မာဂါထာကို သက္ကတဘာသာဖြင့် ရေးထိုးထားသော အုတ်ခွက်များမှာ အေဒီ ရှစ်ရာစုမှ ကိုးရာစုအတွင်း ပြုလုပ်ခဲ့ကြောင်း ယူဆကြ သဖြင့် ထေရဝါဒဗုဒ ̈ဘာသာသည် သရေခေတ္တရာသို့ အေဒီ ခုနစ်ရာစုမတိုင်မီ ရောက်ရှိနေခဲ့ကာ မဟာယာနဗုဒ ̈ဘာသာသည် အေဒီခုနစ်ရာစုနောက်ပိုင်းမှ သရေ ခေတ္တရာသို့ ရောက်ရှိလာဖွယ်ရှိပေသည်။
ထို့ကြောင့် သရေခေတ္တရာမှ တွေ့ရှိခဲ့သည့် မြေမီးဖုတ် အုတ်ခွက်ဘုရားများသည် သရေခေတ္တရာတွင် နေထိုင်ခဲ့သည့် ပျူလူမျိုး များ၏ ယုံကြည်ကိုးကွယ်မှုများကို ဖော်ညွှန်းနေခဲ့ကြပေသည်။မြေမီးဖုတ် အုတ်ခွက်ဘုရားများကို သရေခေတ္တရာဝန်းကျင်ရှိ မှော်ဇာ၊ မထော ရွာ၊ ငရှင့်ကုန်း၊ မြင်ဗာဟုဘုရား၊ ကန်သုံးဆင့်တောင်၊ တာဝတိံသာ ကျွဲကျောင်းကုန်း ဘုရား၊ ပျိုးခင်းကြီးစသည့် နေရာများမှ ရရှိခဲ့ရာ ယင်းတို့ကို ကျောက်စာဝန်ဦးမြ ပြုစုခဲ့သည့် ရှေးဟောင်းအုတ်ခွက် ရုပ်ပွားဆင်းတုတော်များ စာအုပ် ဒုတိယတွဲတွင် လေ့လာနိုင်ကြပေသည်။ မြန်မာ့အလင်း