၂၄ ဧပြီ

 

အာဖဂန်နိုင်ငံတွင်ပထမသုံးလအတွင်း ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် အာဖဂန်အပြစ်မဲ့အရပ်သား ၅၈၁ ဦး သေဆုံးခဲ့ပြီး အခြား ၁၁၉၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါ နိုင်ငံတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ အာဖဂန်ကလေးအရွယ် ထိခိုက်ဒဏ်ရာရ သေဆုံးသူ ၅၈၂ ဦး အပါအဝင် အပြစ်မဲ့အရပ်သား စုစုပေါင်း ၁၁၇၃ ဦး ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ကြသည်ဟု အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က မှတ်တမ်းတင်ခဲ့ကြသည်။

 

၂၀၁၉ ခုနှစ် ပထမ သုံးလပတ်အတွင်း ထိုလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာမှ အပြစ်မဲ့အရပ်သားများ  အန္တရာယ်မြင့်မားလာသည်ဟု အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က မှတ်တမ်းတင်ခဲ့ကြကြောင်း သတင်းဖော်ပြထားသည်။

 

အဆိုပါကာလအတွင်း ကျေးလက်ဒေသများတွင် မြေပြင်တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်ပွားမှုများကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့များ၏ ရှာဖွေရေးလုပ်ငန်းများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလာသည်မှာ သိသာလာသကဲ့သို့ အစိုးရဆန့်ကျင်သော စစ်သွေးကြွများ၏ လက်လုပ်မိုင်းများဖြင့် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားဒဏ်ရာရသေဆုံးမှုများလာပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ထိုကုလသမဂ္ဂအဖွဲ့ က စိုးရိမ်မှုများ ရှိနေကြောင်း ဖော်ပြထားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို