အလုံ ၂၄ ဧပြီ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အလုံမြို့နယ် စည်ပင်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်လဲ့လဲ့ခိုင် ဦးဆောင်သော စည်ပင်ကျန်းမာရေးဝန်ထမ်းများသည် ယနေ့ညနေ ၄ နာရီခန့်က မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သစ်တော ရပ်ကွက်၊ အောင်ဇေယျရိပ်မွန်အိမ်ယာနှင့် အောင်ဇေယျကွန်ပလက်အတွင်း ခြင်ဆေးမှုတ်စက်ကြီးဖြင့် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ခြင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များနှင့် သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးတို့မှ ပါဝင်ကူညီ ဆောင်ရွက်ပေးကြကြောင်း သိရ သည်။
ကိုတင်မောင်ဦး (အလုံ)