နေပြည်တော်  ၂၆  ဧပြီ

၂၀၁၉ ခုနှစ်  ဧပြီ ၂၆ ရက် မြန်မာစံတော်ချိန် ၆ နာရီ ၇ မိနစ် ၅၆ စက္ကန့်အချိန်တွင် ကန့်ဘလူ မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကန့်ဘလူမြို့၏ အနောက်မြောက်ဘက် (၃၂) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၃ ဒသမ ၄၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၁၀)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

MDN