၂၆ ဧပြီ

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က ဗီယက်နမ်နိုင်ငံ ဟန္နိုင်းမြို့မှာ တွေ့ဆုံခဲ့စဉ်  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူ့အပေါ် ယုံကြည်မှုမရှိတဲ့ ပုံစံမျိုးဖြစ်တယ်။ အမေရိကန်နဲ့ ဆက်ဆံရေးဟာ ဆွေးနွေးပွဲတွေ မတိုင်ခင်က ပုံစံမျိုးဖြစ်လာနိုင်တယ်။ ဒီအခြေအနေဟာ အမေရိကန်နိုင်ငံရဲ့ တဖက်သတ်ပြုမှုကြောင့် ဖြစ်လာတယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်သတင်းဌာန KCNA က ကြေငြာသွားပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ ကင်- ထရန့် ဆွေးနွေးပွဲမှာ သဘောတူညီချက်မရရှိခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ မြောက်ကိုရီးယားက လက်နက်စမ်းသပ်ခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ဆွေးနွေးပွဲကနေ ထုတ်ပစ်ရန် ပြောဆိုခဲ့ပါတယ်။

 

ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ကင်က မြောက်ကိုရီးယားဟာ ဖြစ်နိုင်ခြေရှိတာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဆောင်သွားမယ်လို့ သမ္မတပူတင်ကို ပြောခဲ့ကြောင်းနဲ့ ပြုံးယမ်းကို အခွင့်အခါသင့်ရင် လာရောက်ရန် ဖိတ်ခေါ်ရာ လက်ခံခဲ့ပါတယ် KCNA က ထည့်သွင်း ကြေငြာသွားပါတယ်။

 

ကင်-ပူတင်ဆွေးနွေးပွဲနဲ့ ပတ်သတ်ပြီး သမ္မတ ပူတင်က  အမေရိကန်နဲ့ တန်းညှိရန်အတွက် ရုရှားက မြောက်ကိုရီးယားရဲ့ လုံခြုံရေးကို အာမခံကြောင်း၊ အချုပ်အခြာအာဏာကို တာရှည်ခံအောင် လုပ်ဆောင်ပေးသွားဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေအရ နိုင်ငံတစ်နိုင်ငံဖြစ်လာရေးကို ရုရှားအနေနဲ့ အလိုရှိကြောင်း ပြောကြားခဲ့ပါတယ်။

 

ပြုံးယမ်း-မော်စကို ဆက်ဆံရေးဟာ အောင်မြင်မှုအသစ်တွေကို ယူဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်းကလည်း ပြောပါတယ်။

 

MDN

ကိုးကား - AFP