၂၆ ဧပြီ
မြောက်ကိုရီးယားခေါင်း ကင်ဂျုံအန် သည် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ယမန်နေ့က ပြုလုပ်ခဲ့သော ပထမဆုံးထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံကို ဝေဖန်ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက ရေးသားဖော်ပြခဲ့သည်။
ကိုရီးယားဗဟိုသတင်းဌာနက ၎င်းထိပ်သီးဆွေးနွေးပွဲ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး ပထမဆုံးသတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ကင်ဂျုံအန် က ဗလာဒီမာပူတင် ကို ကိုရီးယားကျွန်းဆွယ်အခြေအနေမှာ ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေသို့ရောက်ရှိနေပြီး မူလအနေအထားသို့ ပြန်လည်ရောက်ရှိနိုင်သည့် အရေးကြီးသည့်အခြေအနေကို ရောက်ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ပြောကြားရခြင်းမှာ ဖေဖော်ဝါရီလ က ကျင်းပခဲ့သော အမေရိကန် - မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ်ဆန်သော သဘောဆိုးကြောင့် ဖြစ်သည်ဟု ဆိုသည်။
ကင်ဂျုံအန် က ကိုရီးယားကျွန်းဆွယ် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးသည် အနာဂတ်တွင် အမေရိကန်နိုင်ငံ၏ သဘောထားအပေါ် လုံးဝမူတည်မည် ဖြစ်ကြောင်းနှင့် ဖြစ်လာမည့် မည်သည့်ကိစ္စမဆို မိမိနိုင်ငံအနေဖြင့် အသင့်ပြင်ထားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို