၂၆ ဧပြီ

 

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ သည် ၂၀၁၄ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ထိုမဲအနိုင်ရရှိခဲ့သော အိန္ဒိယမြောက်ပိုင်း အတ်တာပရာဒက်ရှ် ပြည်နယ်ရှိ ဗာရာဏသီ ပါလီမန်မဲဆန္ဒနယ် မှ ယနေ့ ၎င်း၏အမည်စာရင်းတင်သွင်းခဲ့ကြောင်း  သိရသည်။

 

ဗာရာဏသီမဲရုံများတွင် မေလ၁၉ ရက်နေ့တွင် နောက်ဆုံး သတ္တမ အဆင့် မြောက် ဆန္ဒမဲပေးပွဲကျင်းပရန် စီစဉ်ထားကြောင်း နှင့်ယခုအချိန်ထိ ရွေးကောက်ပွဲ သုံးဆင့်ကို  ဧပြီလ ၁၁ ၊ ၁၈ နှင့် ၂၃ ရက်နေ့တို့တွင် ပြုလုပ်ကျင်းပပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

 

ရွေးကောက်ပွဲရလဒ်များကို မေလ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

မိုဒီ သည် အနောက်ပိုင်း ဂူဂျာရက် ပြည်နယ်နှင့် သက်ဆိုင်သော်လည်း ၂၀၁၄ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဂူဂျာရက်ပြည်နယ်ရှိ ဗာဒိုဒါရာ ပါလီမန်မဲဆန္ဒနယ် အပြင် အောက်လွှတ်တော် လော့ခ်ဆာဘား ရှိ မဲဆန္ဒနယ် ၅၄၃ အနက်မှ ပါလီမန် မဲဆန္ဒနယ် ၈၀ ရှိသည့် နိုင်ငံရေးအရ အရေးပါဆုံးဖြစ်သော အတ်တာပရာဒက်ရှ် ပြည်နယ်ရှိ ဗာရာဏသီ ပါလီမန်မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ကြောင်း ဖော်ပြထားသည်။

 

မိုဒီသည် ဗာရာဏသီ နှင့် ဗာဒိုဒါရာ မဲဆန္ဒနယ်များမှ အနိုင်ရရှိခဲ့သော်လည်း ဗာဒိုဒါရာ မဲဆန္ဒနယ်မှ နှုတ်ထွက်ခဲ့ပြီး ဗာရာဏသီ မဲဆန္ဒနယ်ကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - မြင့်မြင့်ချို