ဧပြီလ (၂၇) ရက် ညနေ ၄ နာရီ ထုတ်ပြန်ချက်
ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ် (ဝ၇/၂၀၁၉)
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က) ယနေ့မွန်းလွဲ ၃ နာရီခွဲတိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် ပိုမိုအားကောင်းလာခဲ့ပြီး၊ ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) "ဖန်နီ" (FANI) အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee) ၏ အရှေ့ - အရှေ့တောင်ဘက် မိုင် (၄၈၀) ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့တောင်ဘက် (၆၇၅) မိုင်ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam) ၏ တောင် - အရှေ့တောင်ဘက် (၇၈၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI) သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။
(ခ)ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ"(FANI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI) သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် မြောက်လတ္တီကျု (၅.၂) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၅) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀ဝဝ) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)နှုန်း ဖြစ်သည်။
နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် နောက် (၂၄)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) "ဖန်နီ" (FANI) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
အကြံပြုချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ"(FANI)နှင့် ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစေ်လျှာက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထားကြောင်း သိရသည်။
MDN