နေပြည်တော် ၂၈ ဧပြီ

 

မူးယစ်တပ်ဖွဲ့စု (၃၅)မြိတ်မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၇ ရက် ညနေ ၉ နာရီခွဲက မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ မွေးမြူရေးဇုံရှိ မဟေမာစိုး၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,၅၀၃ ပြား သိမ်းဆည်းရမိခဲ့သည်။ အလားတူ ယင်းနေ့နံနက် ၅ နာရီ ၁၅ မိနစ်က မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး (မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် အောင်ခိုင်ဝင့် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၄၀ နှင့် လက်ကိုင်ဖုန်းနှစ်လုံး တို့ကိုလည်းကောင်း၊ ထို့အတူ ဧပြီ ၂၆ ရက် ညနေ ၅ နာရီခွဲက တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ(၃)၊ တောင်ပတ်လမ်းရှိ အောင်မျိုးထွန်း၏ နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ နိုင်ဆေး၊ ဖြိုးဖြိုး၊ စိုင်းတင်မောင်၊ ချစ်ကိုကို၊ နေသူလှိုင်မင်း၊ ကျော်ဇော်ဗိုလ်၊ ဇန်းလီ၊ စိုင်းလင်းထွေးတို့အားတွေ့ရှိပြီး အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေး  ၁,၇၉၄ ပြား၊ အိုက်စ် ၁၇၀ ဂရမ်၊ ငွေကျပ် ၁၀ သိန်း၊ လေသေနတ် ၄ လက်၊ ဘောစေ့ ၂၅၀ လုံးနှင့် ဓားရှည် ၅ လက် တို့ကိုလည်းကောင်း၊ အလားတူ   ဧပြီ ၂၇ ရက်  ည ၉ နာရီက မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ပန်ကြူ ကျေးရွာအနီး၊ တောင်ကြီး-ကျိုင်းတုံကားလမ်း၌ ရာသေးမောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၈,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)