လော့စ်အိန်ဂျလိစ် ၂၉ ဧပြီ
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရာဂိုရှိ ပိုဝေးမြို့တွင် ယနေ့နံနက်ပိုင်းက ရဟူဒီဘုရား ရှိခိုးကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်သူမှာ အသက် ၁၉ နှစ်အရွယ် ဂျွန်အားနက်စ် ဟုသိရကြောင်း အာဏာပိုင်များက ပြောသည်။
အာဏာပိုင်များက အွန်လိုင်းပေါ်တွင် မစ္စတာအားနက်စ် ရေးသားခဲ့သော စာများကိုသတိထားမိပြီးနောက် သက်သေရှာဖွေခဲ့ကြကြောင်း၊ ထို့နောက်အချက်အလက်များကို မှန်မမှန်စစ်ဆေးခဲ့ကြကြောင်း ရဲအရာရှိတစ်ဦးဖြစ်သူ ဘေလ်ဂိုရီက ပြောသည်။ အားနက်စ်သည် အွန်လိုင်းပေါ်တွင် အမုန်းတရားများပြည့်နှက်နေသော စာများကို ရေးသားခဲ့သည်။ ရဲများရှာဖွေခွင့်ပုံစံဖြင့် သံသယရှိသူ၏ နေအိမ်နှင့်ကားတို့ကို ရှာဖွေခဲ့ပြီးနောက် အားနက်စ်မှာ ပြစ်မှုကျူးလွန်ခြင်း ရှိ မရှိ စစ်ဆေးခဲ့ကြသည်။ ရဟူဒီဘုရားရှိခိုးကျောင်းအတွင်း ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ ယနေ့ နံနက် ၁၁ နာရီ မိနစ်၂၀ ခန့်က လူ ၁၀ဝ ခန့်ရှိသော ဘုရားရှိခိုး ကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဒေသခံရဲများသည် အဆိုပါဖြစ်ရပ် ဖြစ်ပေါ်ပြီးနောက် တစ်ပတ်လုံးဘာသာရေးအဆောက်အအုံများတွင် ကင်းလှည့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ဆင်ဟွာ