၂၉ ဧပြီ
လူသားတွေရဲ့ ဦးနှောက်ဟာ စာရေးစာဖတ်ခြင်းတွေနဲ့ လက်ရှိခေတ်ကာလဟာ ဒီဂျစ်တယ် နည်းပညာခေတ်ဖြစ်တဲ့အတွက် အဲဒီအခြေအနေကို မှီငြမ်းနိုင်ရေးအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်နေတာဟာ နှစ်သန်းပေါင်းများစွာကြာပြီ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ကာလရဲ့ မှီးငြမ်းကိုးကားရေးမှာ လျင်မြန်မှုအပေါ်မှာသာ မူတည်နေပါတယ်။

ဒီဂျစ်တယ်ခေတ်မှာ ကြီးပြင်းတဲ့ ကလေးငယ်များဟာ သူတို့ရဲ့အပြုအမှူတွေဟာ အင်မတန် လျင်မြန်တာကို တွေ့ရပါတယ်။ အဲဒီလိုလျင်မြန်လာခြင်းဟာ သူတို့လေးတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဗီဒီယိုဂိမ်းတွေရဲ့ ကျေးဇူးကြောင့်နဲ့ ပြုမှုလုပ်ရှားမှုတွေကို သူတို့ရဲ့ ဦးနှောက်ကဖမ်းယူနိုင်တဲ့အတွက်လို့ ဆိုနိုင်ပါတယ်။
ဒီဂျစ်တယ်ခေတ် အာရုံကြောလို့ခေါ်နိုင်တဲ့ မှတ်ဉာဏ်ဟာ ပါဝင်တဲ့အကြောင်းအရာကို မှတ်နိုင်စွမ်းထက် ဆက်စပ်မှုကိုပိုပြီး သိုလှောင်နိုင်တာကို တွေ့ရပါတယ်။ ဦးနှောက်က အကြမ်းဖက်မှုကို အလိုအလျောက် အလိုရှိ လာရင် တိုက်ခိုက်တဲ့ ဗီဒီယိုဂိမ်းတွေကို အလိုရှိတာမျိုးကိုလည်း တွေ့ရပါတယ်။

စာပေခေတ်ဦးနောက်ရဲ့ မှတ်ဉာဏ်ဟာ နက်နဲပြီး ဒီဂျစ်တယ်ခေတ်ဦးနှောက်ရဲ့မှတ်ဉာဏ်ကတော့ ပေါ့ပါးတာမျိုးကို တွေ့ရပါတယ်။ ဒီလို ဖြစ်ရတာက သတင်းအချက်အလက် အစုံအလင်ကို ကျယ်ပြန့်စွာရရှိနိုင်ခြင်းနဲ့ ဒီဂျစ်တယ်သဘောတရားအရ ကွန်ပြူတာမျက်နှာပြင်မှာ ပေါ်လာတွေကို သိုလှောင်ဖို့ကို အလိုအလျောက် တွန်းကန်နေတဲ့အတွက်ဖြစ်တယ်။ သူတို့ရဲ့ အတွေး၊ ယုံကြည်ချက်တွေနဲ့ အကြောင်းပြချက်တွေကို သိုလှောင်ရမှာ တွန့်ဆုတ်နေပါတယ်။
ဒီဂျစ်တယ်ခေတ် ဦးနှောက်က ပညာရေးနှင့် လေ့လာရေးနယ်ပယ်မှာ အသစ်တီထွင်ရေးကို သဘာဝတရားက တွန်းအားပေးနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အသက် ငါးနှစ်အောက်ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုမှာ ရေးသားထားပါတယ်။
MDN
ကိုးကား - AFP