ရေး ၂၉ ဧပြီ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ နှင်းနုကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ က မီးလောင်မှုဖြစ်ပွားခဲ့သည်။ အိမ်ရှင်အမျိုးသား၏ ဆေးကြောင်ပြီး ကိုယ့်အိမ်ကိုယ် မီးရှို့မှုကြောင့် ဖြစ်ပွားခဲ့ ရခြင်းဖြစ်ကြောင်း သိရပြီး မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့် ကွမ်းသီးပင်(၃၀) ဆုံးရှုံးခဲ့ရပြီး လူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကနဦးသတင်းအရ သိရှိရသည်။
MDN