နေပြည်တော် ၂၉ ဧပြီ
မူးယစ်တပ်ဖွဲ့စု(၃၅)မြိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၈ ရက် ညနေပိုင်းတွင် မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ စပါးရွှေဝါလမ်း၌ ကျော်ကျော် (ခ) မောင်ကျော်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၄၆၀၅ ပြား သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၁၆) ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ လယ်ကြီးရဲကင်းရှေ့တွင် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးစဉ် မောင်းနှင်ထွက်ပြေးသွား၍ ပိတ်ဆို့ရှာဖွေခဲ့ရာ မိုးကုတ်-မိုင်းလုံသွားကားလမ်း၊ ကင်းချောင်းအနီးတောလမ်း၌ အဆိုပါမော်တော်ယာဉ်ကို လူမပါဘဲတွေ့ရှိရ၍ ရှာဖွေရာ ဆပ်ပြာခွက် ၂၂၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုကိုလည်းကောင်း။
ထို့အတူ နံနက် ၇ နာရီခန့်က နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု၊ နောင်ကားမီး(နောက်)ကျေးရွာနေ အောင်ထွဋ်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၀၉၅ ပြားနှင့် ဘိန်းဆီခဲ ၁၃၀ ဒသမ ၆၃ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN