ရန်ကုန် ၁ မေ

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ သန်လျင်မြို့သို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်၍ ယခင်က ပြည်သူများအသုံးများခဲ့သည့် အနှေးယာဉ် ဆိုက်ကားနှင့် မြင်းလှည်းများအား စိတ်ဝင်စားစွာ လာရောက်စီးနင်းလျက်ရှိကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသည် ၃၅ ဦးသည် သန်လျင်မြို့ ဖို့မြေလမ်း၊ သီတာရေမြောင်းကြီးလမ်းဆုံမှ သတိပဋ္ဌာန်လမ်း၊ စာတိုက်လမ်းတို့တွင် ဆိုက်ကား၊ မြင်းလှည်းများစီးကာ ပျော်ရွှင်စွာ လှည့်လည်လေ့လာခဲ့ကြပြီး မြို့မဈေးအတွင်းသို့ ဝင်ရောက်လေ့လာခဲ့ကြကြောင်းနှင့် သန်လျင်မြို့တွင်း ဆက်လက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)

 

mdn