၁ မေ

အမေရိကန် အာဏာပိုင်များက မြောက်ကာရိုလိုင်းနား ပြည်နယ်ရှိ တက္ကသိုလ်တစ်ခုတွင် အမျိုးသားတစ်ဦးက ပစ်ခတ်သဖြင့် လူနှစ်ဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မြောက်ကာရိုလိုင်းနား၏ ချာလော့တိ တက္ကသိုလ် နယ်မြေ တွင် ယမန်နေ့က ပစ်ခတ်မှုဖြစ်ပွားကာ အသက် ၂၂ နှစ်အရွယ် သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါပစ်ခတ်မှုတွင် ဒဏ်ရာရရှိသူ လေးဦးအနက်မှ သုံးဦးမှာ စိုးရိမ်ရဖွယ် ရှိပြီး ၎င်းတို့မှာ ထိုတက္ကသိုလ်မှ ကျောင်းသားများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်းသေဆုံးသူ နှစ်ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိကြောင်းနှင့် ထိုသံသယရှိသူမှာ ၎င်းတက္ကသိုလ်မှ ကျောင်းသားဟောင်းတစ်ဦး ဖြစ်ကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က ယင်းသံသယရှိသူ၏ ရည်ရွယ်ချက်နှင့် နောက်ခံအကြောင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို