ထီးလင်း ၁ မေ

မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ဖြစ်သည့် ဆွမ်းအုပ်ဖြင့်ဆွမ်းပို့သည့်ဓလေ့ကို ယောနယ် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ယနေ့ထက်တိုင် တွေ့မြင်နိုင်သော်လည်း ဆွမ်းအုပ်ဖြင့် ဆွမ်းပို့သည့်ဓလေ့မှာ တဖြည်းဖြည်း လျော့နည်းလာလျက်ရှိကြောင်း ထီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

56608

 

“ကျွန်တော်တို့ရွာကတော့ ဆွမ်းပို့ရင် ဆွမ်းအုပ်နဲ့ပို့ရမှကျေနပ်ကြတာဖြစ်ပါတယ်။ အခက်အခဲက ဒေသမှာ ယွန်းပညာရှင်မရှိတော့ ဆွမ်းအုပ်လုပ်ပြီး ရောင်းတဲ့သူ မရှိဖြစ်နေတယ်။ အိမ်သစ်ခွဲတဲ့သူတွေ ဗန်းနဲ့ပို့နေကြရတယ်။ ဆွမ်းအုပ်သုံးတဲ့ ရွာတွေမှာ အဲဒီအခက်အခဲရှိနေတယ်။ အခုနှစ်မှာ ဂန့်ဂေါမြို့က စေတနာရှင်တစ်စုက ဆွမ်း အုပ် ၅ လုံး လာရောက်လှူဒါန်းထောက်ပံ့လို့ ကျွန်တော်တို့ရွာအနေနဲ့ အဆင်ပြေသွားတယ်” ဟု ဝါးဘိုးချောင်ကျေးရွာမှ ဦးမျိုးနိုင်က ပြောသည်။

 

12009

 

ဆွမ်းအုပ် အနီရောင်နှင့်အနက်ရောင်ကို အသုံးများကြရာ ယောနယ် ထီးလင်းမြို့နယ်သည် သစ်စေးထွက်ရှိရာ ဒေသဖြစ်သည့်အတွက် သစ်စေးဖြင့် အချောကိုင် သုံးစွဲမှုကို ပို၍နှစ်သက်ကြပြီး ဆွမ်းအုပ်ကိုလည်း သစ်စေး အရောင်ဖြစ်သည့် ဆွမ်းအုပ်အနက် သုံးစွဲသူ ပိုမိုများပြားသည်ဟု ဆိုသည်။

ယောနယ် ထီးလင်းမြို့နယ်၌ ဆွမ်းအုပ်ကို အသုံးပြု၍ရွာဦး ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းပို့ကြသည့် ကျေးရွာ ၁၀ ရွာကျော် ရှိနေသေးသော်လည်း လျော့နည်းလာမှုများဖြစ်လာသည့်အတွက်အကူအညီများ လိုအပ်နေကြောင်းနှင့်  ဆွမ်းအုပ်များကို ပုဂံဒေသရှိ ယွန်းလုပ်ငန်းများမှ အချိုးအစား ဖော်ပြ၍ မှာယူရကြောင်း၊ ဆွမ်းအုပ်တစ်လုံးအတွက် တန်ဖိုးငွေကျပ် ၇၀ဝ၀ဝ ဝန်းကျင်ရှိပြီး အချိန်ကာလ ၃ လခန့်ကြိုတင်မှာယူရကြောင်း သိရသည်။

MDN