နေပြည်တော် ၁ မေ
သစ်တောဦးစီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ မေ ၁ ရက်တွင် မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ကြို့ပင်နယ်မြေရဲစခန်းအနောက်ဘက် (၁၀)မိုင်ခန့်အကွာ ခရောင်းချောင်း(ဒေသအခေါ် ကယားလေး) တောထဲတွင် ပျဉ်းကတိုးခွဲသား ဆိုဒ်စုံ (၃၀) (၃ ဒသမ ၂၄၈၆) တန်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှသိရသည်။
တင်နိုင်ဝင်း